သီးရွက်စုံ ခရုဆီကြော် (Mixed Vegetables in Oyster Sauce)

by Chef Sunny for Food Magazine

ဒီလအတွက် ထပ်မံဖော်ပြပေးလိုတဲ့ အရွက်ကြော်တစ်မျိုးကတော့ “သီးရွက်စုံခရုဆီကြော်” လေးပါပဲ။ အရောင်စုံတဲ့ အသီးအရွက်တွေကို ရောကြော်ထားတာမို့ ဗီတာမင်လည်း ပြည့်ဝပါတယ်။ ကောက်ရိုးမှိုကို ကြက်သွန်ဖြူနဲ့ ဆီသတ်ပြီး သီးရွက်စုံကိုလည်း အနည်းငယ်ပြုတ်ပြီးမှ

ခရုဆီနဲ့ ပြန်ကြော်ထားတာမို့ အာဟာရလည်းပြည့်ဝပြီး အရသာလည်း ထူးခြားပါတယ်။ ကဲ… အာဟာရပြည့်ဝတဲ့ “သီးရွက်စုံခရုဆီကြော်” လေး ကြော်ကြည့်ကြရအောင်… OK…

ပါဝင်ပစ္စည်းများ

ပန်းဂေါ်ဖီစိမ်း –  ၅၀ ဂရမ်

ပန်းဂေါ်ဖီ –  ၅၀ ဂရမ်

ရွှေပဲသီး –  ၃၀ ဂရမ်

ပြောင်းဖူးငယ် –  ၃ ဖူး

ကောက်ရိုးမှို –  ၃၀ ဂရမ်

မုန်လာဥနီ –  ၃၀ ဂရမ်

ကြက်သွန်ဖြူ –  ၁၅ ဂရမ်

ရှမ်းငရုတ်သီးနီအမျှင် –  အနည်းငယ်

ကြက်သွန်မြိတ် –  အနည်းငယ်

ဟင်းချက်ဆီ –  ၃ ဇွန်း

နှမ်းဆီမွှေး –  အနည်းငယ်

ခရုဆီ –  ၂ ဇွန်း

ကြက်ပြုတ်ရည် –  ၅၀ မီလီလီတာ

ပြုလုပ်နည်း

၁။        ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီ၊ ရွှေပဲသီးနှင့် မုန်လာဥနီတို့ကို လှီးဖြတ်၍ သန့်စင်ပြီး ရေနွေးမှာ ပြုတ်ထားပါ။

၂။         ကောက်ရိုးမှိုကို ကြက်သွန်ဖြူနှင့် မွှေးလာသည်အထိ ဆီသတ် ကြော်ပါ။

၃။        ကြက်သွန်ဖြူမွှေးလာလျှင် အသင့်ပြုတ်ထားသော သီးရွက်စုံနှင့် ခရုဆီ၊ ကြက်ပြုတ် ရည်အနည်းငယ်တို့ကို ရောပြီး အသီးအရွက်များ နူးလာသည်အထိ ကြော်ပါ။

၄။        သီးရွက်စုံကြော်နူးလျှင် နှမ်းဆီမွှေးထည့်၍ ကြော်ပြီး ကြက်သွန် မြိတ်နှင့် ရှမ်းငရုတ်သီးနီအမျှင် အနည်းငယ်အုပ်ကာ တည်ခင်းပါ။

Facebook Comments

Menu