သီးစုံပင်စိမ်းဟင်းလျာ

by အံ့ဝင့်ထွဋ် for Food Magazine

ဒီဟင်းလျာလေးက အသီးအနှံဟင်းလျာတွေ ကို ချက်ချင်တဲ့ ပရိသတ်တွေနဲ့ သက်သတ်လွတ် ဟင်းလျာတွေကို စားချင်တဲ့ ပရိသတ်တွေအတွက် အဆင်ပြေစေမယ့် ဟင်းလျာလေးပါ။ လွယ်ကူ ရိုးရှင်းပြီး အာဟာရပြည့်ဝတဲ့ ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

မုန်လာဥနီ –  ၁ လုံး

ဂေါ်ရခါးသီး –  ၁ လုံး

ရွှေဖရုံသီး –  ၁ စိတ်

ခရမ်းသီး –  ၁ လုံး

ပဲသီး –  ၃ တောင့်

မုန်လာဥဖြူ –  ၁ လုံး

ကြက်သွန်ဖြူ –  ၄ မြွှာ

ကြက်သွန်နီ –  ၂ လုံး

ပင်စိမ်းရွက် –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

နနွင်းမှုန့် –  အနည်းငယ်

ပြုလုပ်နည်း

၁။       အသီးအနှံများကို အခွံနွှာပြီး အနေတော် အတုံးများ လှီးဖြတ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။

၃။       အနံ့မွှေးလာပြီဆိုလျှင် အရသာများထည့်ပါ။ လှီးဖြတ်ထားတဲ့ အသီးအနှံများ ထည့်ပါ။

၎။       ရေကို လိုအပ်သလို ထည့်ပြီး အသီးအနှံများ နူးသည်အထိ ချက်ပါ။

၅။       အသီးအနှံများလည်း နူးပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပင်စိမ်းထည့်ပါ။

၆။       အနံ့၊ အရသာ အားလုံးပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments