သီဟိုဠ်စေ့ မဆလာမွှေးကြပ်ကြော်

by အံ့ဝင့်ထွဋ် for Food Magazine

          ဒါလေးက ကြော်ပြီးရင် ဘူးလေးထဲမှာ သိမ်းထား ပြီး အဆာပြေစားလို့ရတဲ့ သရေစာလေးပါ။ အရသာလည်း ရှိလို့ သားသား၊ မီးမီးလေးတွေလည်း ကြိုက်ကြမှာပါ။

ပါဝင်ပစ္စည်းများ

သီဟိုဠ်စေ့  –  ၅၀ဝ ဂရမ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မဆလာ  –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ပျဉ်းတော်သိမ်ရွက်  –  ၁၅ ရွက်ခန့်

ပြုလုပ်နည်း

၁။       ဦးစွာ သီဟိုဠ်စေ့ကို ဆီပူပူမှာ ကြွပ်ပြီး အရောင်ရလာတဲ့အထိ ကြော်ပါ။

၂။       သီဟိုဠ်စေ့ကြွပ်ပြီး လိုချင်တဲ့ အရောင်ရလာပြီဆိုလျှင် ဆီစစ်ထားပါ။

၃။       ဒယ်အိုးထဲ ဆီ ၁ ဇွန်းခန့်၊ သကြား၊ ဆားနှင့် ပျဉ်းတော်သိမ်ရွက်တို့ကို ထည့်ပြီး အပူပေးပါ။

၎။       သကြားနှင့် ဆားပျော်ပြီး ပျဉ်းတော်သိမ်ရွက်များ ကြွပ်ပြီး မွှေးလာပြီဆိုလျှင် ကြော်ထားတဲ့ သီဟိုဠ်စေ့များ ထည့်ပါ။

၅။       မဆလာနှင့် ငရုတ်ကောင်းမှုန့်များ ထည့်ပြီး လှော်ပါ။

၆။       အရသာလည်း ရပြီ၊ အနံ့တွေလည်း မွှေးလာပြီဆိုလျှင် သုံးဆောင်လို့ရပါပြီ။

၇။       ဘူးနဲ့ သိမ်းထားမည်ဆိုလျှင် အအေးခံပြီးမှ ဘူးထဲထည့်ပြီး သိမ်းပါ။

Facebook Comments

Menu