သိုးဂုတ်သားဝိုင်နီဆော့စ်နှင့် သီးရွက်စုံကင် (Lamb Shoulder with Rosemary-Garlic Sauce & Grilled Vegetables)

USN_2

USN_3

USN_4

USN_5

     ဒီလအတွက် ရွေးချယ်လိုက်တဲ့ နောက်ထပ်ဟင်းလျာအတွဲတစ်မျိုးကတော့ ‘အခုချက်အခုစား ဟင်းလျာများ’ အစီအစဉ်မှာ တင်ဆက်ခဲ့တဲ့ ‘သိုးဂုတ်သား ဝိုင်နီဆော့စ်နှင့် သီးရွက်စုံခရင်(မ်)ဆော့စ်’ပါပဲ။ ဒီဟင်းလျာအတွဲလေးကလည်း ပြင်ဆင်ရတာလွယ်ကူပြီး အရသာထူးခြားတဲ့ အီတလီအစားအစာတစ်မျိုးပါ။ သိုးဂုတ်သားက အလွန်နူးညံ့သလောက် အရသာလည်း သိပ်ကောင်းပါတယ်။ ဒါပေမဲ့ တချို့အာရှတ်ိုက်သားတွေကတော့ သိုးသားကို ညှီလို့ မစားနိုင်ကြတာလည်း ရှိပါတယ်။ သိုးသားကိုမနှစ်သက်ရင် ဝက်ဂုတ်သား၊ အမဲဘို့သား၊ ကြက်ရင်အုပ်သားတို့ကို အစားထိုးပြင်ဆင်လို့လည်းရပါတယ်။ အသီးအရွက်တွေကို အိုးကင်းပူကပ်ပြီး ကင်ထားတာကတော့ အီတလီနဲ့ ဥရောပအစားအစာတွေမှာ ပြင်ဆင်တဲ့နည်းလေးဆိုပါတော့။ ဟင်းခတ်အမွှေးအကြိုင်တွေကတော့ အီတလီအစားအစာတွေမှာ အသုံးများတဲ့ ရို့မယ်ရီရွက်၊ ကြက်သွန်ဖြူ၊ ဝိုင်နီ၊ အရသာမှုန့် (Demi-Glaze / Basic Brown Mix)တို့နဲ့ ပြင်ဆင်ထားပါတယ်။ အရသာမှုန့်က အလွယ်တကူမရနိုင်ရင် Ready Made BBQ Sauce or Steak Sauce တို့ကို အစားထိုးပြင်ဆင်နိုင်ပါတယ်။ အီတလီအစားအစာလေးတွေကို မိသားစုအိမ်မှာ အလွယ်တကူ ပြင်ဆင်သုံးဆောင်နိုင်စေဖို့ ရည်ရွယ်ပြင်ဆင်ထားတာမို့ အီတလီနဲ့ ဥရောပအစားအစာတွေကိုနှစ်သက်တဲ့ မိသားစုတွေ စိတ်ကျေနပ်မှုရမယ်လို့ ယုံကြည်ပါတယ်။ ပရိုတင်းပြည့်ဝတဲ့ သိုးဂုတ်သားကို ဗီတာမင်နဲ့ သတ္တုဓာတ်တွေပြည့်ဝတဲ့ သီးရွက်စုံကင်လေးနဲ့ တွဲဖက်တည်ခင်းတာမို့ အာဟာရလည်းပြည့်  အစာကြေလည်းလွယ်ကူစေမှာပါ။ ဝိုင်နီထည့်ချက်ထားတာက အစာကြေလွယ်အောင်လို့ပါ။ ဝိုင်နီထည့်မချက်လိုပါက ရှလကာရည်နှင့် သကြားအနည်းငယ် ထည့်ချက်နိုင်ပါတယ်။ ရို့စ်မယ်ရီလို ဟင်းခတ်အမွှေးအကြိုင်က အမြဲမရနိုင်တာမို့ အဲဒါအစား ပူစီနံရွက်၊ ပင်စိမ်း စတဲ့ဆေးဘက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကို သုံးနိုင်ပါတယ်။ ကဲ . . . အရသာထူးခြားပြီး ပြင်ဆင်ရတာလွယ်ကူတဲ့ အီတလီအစားအစာလေးချက်ကြည့်ရအောင် . . . ။

►    သိုးဂုတ်သားဝိုင်နီဆော့စ်ပါဝင်ပစ္စည်းများ
♦    သိုးဂုတ်သား    –    အနည်းငယ်
♦    ကြက်သွန်ဖြူ    –    ၃ တတ်
♦    ရိုစ်မယ်ရီရွက်    –    အနည်းငယ်
♦    သံပရာသီး    –    ၁ လုံး
♦    ဆား    –    အနည်းငယ်
♦    ငရုတ်ကောင်းမှုန့်    –    အနည်းငယ်
♦    သံလွင်ဆီ    –    ၂ ဇွန်း
♦    ဝိုင်နီ    –    ၁ဝဝ မီလီမီတာ
♦    အရသာမှုန့်    –    ၁ ဇွန်း

►    ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း
၁။     ကြက်သွန်ဖြူနှင့် ရိုစ်မယ်ရီရွက်အနည်းငယ်ကို နုပ်နုပ်စဉ်း၍ သံပရာသီးရည်အနည်းငယ်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီတို့ဖြင့် သိုးဂုတ်သားကို အရသာသွင်းထားပါ။
၂။     အရသာသွင်းထားသော သိုးဂုတ်သားကို ဒယ်အိုးတွင်ကင်၍ ဝိုင်နီ၊ အရသာမှုန့် (Basic Brown Sauce) တို့နှင့် နူးအောင်ချက်ပါ။
၃။     အသင့်ချက်ပြီးသော သိုးဂုတ်သားကို ပါးပါးလှီး၍ ဝိုင်နီဆော့စ်၊ ရိုစ်မယ်ရီတို့အလှဆင်တည်ခင်းပါ။

►    သီးရွက်စုံကင်တွင်ပါဝင်ပစ္စည်းများ
♦    ဖရုံသခွားသီး    –    ၁ လုံး
♦    ရိုင်ဂျီမှို    –    ၂ လုံး
♦    ငရုတ်ပွနီ    –    အနည်းငယ်
♦    ငရုတ်ပွဝါ    –    အနည်းငယ်
♦    ကညွှတ်    –    ၅ ချောင်း
♦    ကြက်သွန်ဖြူ    –    ၃ တတ်
♦    ရိုစ်မယ်ရီရွက်    –    အနည်းငယ်
♦    ဆား    –    အနည်းငယ်
♦    ငရုတ်ကောင်းမှုန့်    –    အနည်းငယ်
♦    သံလွင်ဆီ    –    ၃ ဇွန်း
♦    ပါမီစန်ချိစ်အမှုန့်    –    အနည်းငယ်

►    ပြင်ဆင်ချက်ပြုတ်ပုံအညွှန်း
၁။   ဖရုံသခွားသီးကို အကွင်းလိုက်လှီး၍ ရိုင်ဂျီမှိုကို ထက်ခြမ်းလှီးထားပါ။
၂။    ငရုတ်ပွနီ၊ ငရုတ်ပွဝါနှင့် ကညွှတ်တို့ကိုလှီး၍ ဖရုံသခွား၊ ရိုင်ဂျီမှိုတို့နှင့်အတူ ကြက်သွန်ဖြူ၊ ရို့စ်မယ်ရီရွက်၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သံလွင်ဆီတို့ဖြင့် အရသာသွင်းပြီး ဒယ်အိုးဖြင့် ကင်ထားပါ။
၃။    အသင့်ကင်ထားသော သီးရွက်စုံကို ပါမီစန်ချိစ်အမှုန့် အနည်းငယ်ဖြူး၍ တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments