သရက်သီးစိမ်းသုပ် (သက်သတ်လွတ်)

by Myint Oo Tha for Food Magazine

သရက်သီးစိမ်းသုပ်ဆိုရင် ငါးပိ၊ ငံပြာရည်တို့နဲ့ ချဉ်ချဉ်စပ်စပ်လေး သုပ်စားလေ့ ရှိတယ်။ သက်သတ်လွတ်ဆိုတော့ ပဲငံပြာရည်၊ သကြားနဲ့ စပ်စပ်လေးသုပ်ပါတယ်။ သကြားကို အချဉ်ဓာတ်ထိန်းပေးရုံ ထည့်ထားပေးပါတယ်။ ပြီးတော့ ဆီစိမ်းအစား မွှေးမွှေးလေးဖြစ်အောင် နှမ်းဆီမွှေးသုံးထားပါတယ်။ တကယ်လို့ နှမ်းဆီမွှေးအနံ့ မကြိုက်ရင် တော့ ပဲဆီ

ထည့်ပါ။ နှမ်းဆီမွှေးထည့်ရင်တော့ ဒီအသုပ်က တရုတ်အသုပ်အရသာရပါ တယ်။

ပါဝင်ပစ္စည်းများ

သရက်သီးစိမ်း-  ၁ လုံး

ကြက်သွန်နီဥသေး-  ၅၀ ဂရမ် (ပါးပါးလှီးပါ)

ခရမ်းချဉ်သီးအမှည့်-  ၂ လုံး (၁ဝဝ ဂရမ်) (ပါးပါးလှီးပါ)

ခရမ်းချဉ်သီးအစိမ်း-  ၂ လုံး ( ၁ဝဝ ဂရမ်) (ပါးပါးလှီးပါ)

ငရုတ်သီးစိမ်း-  ၆ တောင့် (၁၂ ဂရမ်) (ပါးပါးလှီးပါ)

မြေပဲလှော်-  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူကြော်-  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်-  စားပွဲဇွန်း ၂ ဇွန်း

သကြား-  စားပွဲဇွန်း ၁/၂ ဇွန်း

သံပရာရည်-  စားပွဲဇွန်း ၁ ဇွန်း

နံနံပင်-  ၄ ပင် (ပါးပါးလှီးပါ)

ပူဒီနာ-  ၃ ပင် (ေြွခထားပါ)

နှမ်းဆီမွှေး-  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        သရက်သီးစိမ်းကို အခွံနွှာပြီး ခြစ်နဲ့ ခြစ်ထားပါ။

၂။         ကြက်သွန်နီ၊ နံနံပင်နှင့် ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။ ပူဒီနာကို ေြွခ ထားပါ။

၃။        ပြီးလျှင် အသုပ်သုပ်မည့်ဇလုံထဲ ခြစ်ထားတဲ့ သရက်သီး၊ ပါးပါးလှီးထားတဲ့ ဟင်းသီးဟင်းရွက်၊ မြေပဲလှော်၊ ကြက်သွန်ဖြူကြော်၊ သံပရာရည်၊ ပဲငံပြာရည်၊ သကြားနှင့် နှမ်းဆီမွှေးတို့ကို ထည့်ပြီး နယ်ပါ။

၄။        ပြီးလျှင် ပန်းကန်ထဲ ပြောင်းထည့်ပြီး သုံးဆောင်ပါ။

Facebook Comments

Menu