သရက်အုန်းနို့ကောက်ညှင်း (Coconut Sticky Rice with Mango Jam)

by Sofia for Food Magazine

          အုန်းနို့ကောက်ညှင်းကို ဒူးရင်းသီး၊ သရက်သီးတို့ဖြင့် တွဲဖက်တည်ခင်းလေ့ရှိကြပါတယ်။ ယခုပြုလုပ်ထားတာလေးကတော့ အုန်းနို့နဲ့ပေါင်းထားတဲ့ ကောက်ညှင်းပေါင်းလေးကို အောင်မဲညိုပန်းဖြင့် အရောင်စပ်ထားပြီး သရက်သီးယိုနဲ့ တွဲဖက်ပေးထားတာလေးပါ။ လုပ်စားကြည့်ရအောင်နော်…။

ပါဝင်ပစ္စည်းများ

ကောက်ညှင်း  –  ၅၀ဝ ဂရမ်

အုန်းနို့  –  ၂၀ဝ မီလီလီတာ

ဆား  –  အနည်းငယ်

ဆွမ်းမွှေးရွက်  –  ၂ ချောင်း

တွဲဖက်စားရန်

သရက်သီး၊ သရက်ယို၊ အုန်းနို့

ပြုလုပ်နည်း

၁။       ကောက်ညှင်းကို ရေဆေးသန့်စင်ပြီး ၄ နာရီခန့် ရေစိမ်ထားပါ။

၂။       ပေါင်းအိုးထဲ ရေထည့်ပြီး ဆူပွက်အောင် တည်ထားပါ။

၃။       ရေစိမ်ထားသော ကောက်ညှင်းကို ရေဆေး၍ ရေစစ်ပြီး ဗန်းတစ်ချပ်ထဲ ထည့်ပါ။

၎။       အုန်းနို့ ၂၀ဝ မီလီလီတာကို ဆားအနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။

၅။       ပြီးလျှင် ကောက်ညှင်းထဲထည့်ပြီး သမအောင် မွှေပါ။ ဆွမ်းမွှေးရွက်ကို ရေဆေး၍ ထုံးပြီး ပေါင်းအိုးထဲထည့်ပေါင်းပါ။

၆။       ၁၅ မိနစ်ခန့်ပေါင်းပြီးပါက ကောက်ညှင်းကို သာသာဆွပေးပြီး အထက်အောက် လှန်ပေး၍ ကောက်ညှင်းနပ်သည်အထိ ပေါင်းပါ။ လိုအပ်ပါက ရေအနည်းငယ် ဖျန်းပေးပါ။

*  အရောင်ထည့်လိုပါက အောင်မဲညိုပန်းခြောက်ကို ရေစိမ်ထားပြီး ရလာသော အရောင်ကို ကောက်ညှင်းပေါ်မှာ ဖျန်းပေးပါ။

၇။       ကောက်ညှင်းကျက်ပါက သရက်သီးဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

*  အချိုနှစ်သက်ပါက အုန်းနို့ကို သကြားဖြင့် ရောချိန်ပြီး အပေါ်မှဆမ်း၍ သုံးဆောင်နိုင်ပါတယ်။

Facebook Comments