သရက်သီး ပဲပုပ်စေ့နှင့် ပုစွန်ချက် (Mango with Soybean and Prawn Curry)

by Syi Lwin (Foods Garden) for Food Magazine

            ပုစွန်၊ သရက်သီးနှင့် ပဲပုပ်စေ့သုံးမျိုးပေါင်းချက်ရဲ့  အရသာ ထူးကဲကောင်းမွန် တာကြောင့် ချက်ကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ပုစွန်အကောင်ကြီး   –  ၁၀ ကောင် (အခွံမချွတ်ပါ)

သရက်သီးဝင်းရောင်  –  ၁ လုံး (အခွံနွှာပြီး ပါးပါးလှီးထားပါ)

နေကြာဆီ   –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

ပဲပုပ်စေ့  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ငရုတ်သီးမှုန့်  –  လက်ဖက်ဇွန်း ၁  ၁/၂ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး (နုပ်နုပ်လှီးထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်လှီးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည် ၁/၂ ဇွန်း

ဆား  –  လက်ဖက်ဇွန်း ၁/၂ ဇွန်း

စပါးလင်  –  ၁ ချောင်း (အဖြူပိုင်း နုပ်နုပ်လှီးထားပါ၊ အစိမ်းပိုင်း ထုထားပါ)

နံနံပင်  –  ၅ ပင် (အနေတော်လှီးထားပါ)

ငရုတ်သီးစိမ်း  –  ၅ တောင့် (ထက်ခြမ်းခြမ်းထားပါ)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

            မကပ်သောအိုးထဲ မီးအနေတော်ဖြင့် ဆီထည့်ပြီး အပူပေးပါ။ ဆီအိုးထဲ နနွင်းမှုန့်၊ နုပ်နုပ်လှီးထားသော ကြက်သွန်ဖြူ/နီ၊ စပါးလင်၊ စပါးလင်အစိမ်းပိုင်းတို့ကို ထည့်ပြီး ကြက်သွန်နူးအိပြီး အနံ့မွှေးလာလျှင် ငရုတ်သီး မှုန့်၊ ငံပြာရည်၊ သရက်သီးနှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး အနှစ်ဖြင့် နှံ့အောင်မွှေပါ။ ပြီးလျှင် ပုစွန်၊ ပဲပုပ် ထည့်ပြီး ရေအနည်းငယ်ဖြင့် ၅ မိနစ်ခန့် ခပ်ဖွဖွလေး မွှေပေးပြီး တည်ပါ။ အနှစ် ဆားမြည်းပါ။ လိုတာ ထပ်ဖြည့်ပြီး စိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။ ပုစွန်ကျက် လျှင် နံနံပင်အုပ်ပါ။ မီးဖိုပေါ်မှ မချခင် ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါတယ်။

Facebook Comments