သရက်သီး နာနတ်နှင့် သံပရာအအေး (Mangon and Pineapple wirh Lime Cooler)

by Syi Lwin for Food Magazine

သရက်သီးမှည့်ကို အရသာတစ်မျိုးလေးဖြင့် ဖျော်ထားတာက သောက်လို့ အလွန်ကောင်းတာကြောင့် ဖျော်သောက်လို့်ရအောင် မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ (၁ ခွက်စာ)

သရက်သီးမှည့် –  ၁ ခြမ်း (အသားများ တုံးထားပါ)

နာနတ်သီး –  ၂ စိတ်

သံပရာသီး –  ၁ လုံး  (လိုသလောက် အရည်ညှစ်ယူပါ)

ပူဒီနာရွက် –  ၁ ပင် (အရွက်များြွေခထားပါ)

သကာရည် –  လက်ဖက်ရည်ဇွန်း  ၁-၂  ဇွန်း(မထည့်လည်း ရပါတယ်)

ရေခဲတုံး –  လိုသလောက်

ပြုလုပ်နည်း

၁။       ပူဒီနာမှလွဲ၍ အခြားပါဝင်ပစ္စည်းများကို ဖျော်ရည်စက်ထဲ ကြေညက်အောင် ကြိတ်၍ ဖန်ခွက်ထဲအရည်များလောင်းထည့်ပြီး ရေခဲလိုလျှင် ထပ်ထည့်ပါ။  ပူဒီနာဖြင့် အလှဆင်ပြီး ချက်ချင်းသုံးဆောင်လျှင် ပိုကောင်းပါတယ်။

Facebook Comments