သရက်သီးမလိုင်ထိုးမုန့်

By Sofia for Food Magazine

          သရက်သီးပေါ်ချိန်လေးမှာ စမ်းပြီး လုပ်စားဖြစ်တဲ့ အရသာသစ်နဲ့ သရက်သီး ထိုးမုန့်လေးဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့် –  ၁၅ဝ ဂရမ်

ပီလောပီနံမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

သကြား –  ၁၅ဝ ဂရမ်

အုန်းနို့ –  ၄ဝဝ မီလီမီတာ

သရက်သီးမှည့် –        ၂ဝဝ ဂရမ်

ထောပတ်/ဆီ – ၁ဝဝ မီလီမီတာ

ဘိန်းစေ့ –        ၁ ဇွန်း (သစအငသညေူ)

မလိုင်(နို့ယို) –        ၁ ပန်းကန်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဦးစွာ ဇလုံတစ်လုံးထဲ ကောက်ညှင်းမှုန့်၊ ပီလောပီနံမှုန့်၊ အုန်းနို့၊ သကြားနှင့် သရက်သီးတို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။

၂။       မကပ်သော ဒယ်အိုးတစ်ခုထဲ ဆီ သို့မဟုတ် ထောပတ်ထည့်ပြီး ကောက်ညှင်းမှုန့် အရောကို ထည့်ပါ။

၃။       မီးအနေတော်ဖြင့်ထားပြီး အဆက်မပြတ်မွှေပေးပါ။

၎။       တဖြည်းဖြည်း ဆီပြန်ပြီး လုံးလာသည်အထိ မွှေပေးပါ။ ၁၅ မိနစ်မှ မိနစ် ၂ဝ ခန့် မွှေပြီး လုံးလာပါက ဘိန်းစေ့အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးကာ မီးဖိုမှ ချပြီး အအေးခံပါ။

၅။       အနည်းငယ် အေးသွားပါက အပေါ်မှ (နို့ယို) မလိုင်ကို ဖြန့်ထည့်ပေးပြီး လိုသလို လှီးဖြတ်တည်ခင်းနိုင်ပါပြီ။

Sofia

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments