သရက်သီးကိတ်မုန့် (Mango Cake)

by Syi Lwin (Foodsgarden) for Food Magazine

          သရက်သီးကြိုက်သူများအတွက် လွယ်လွယ်ကူကူလုပ်စားလို့ရမယ့် ကိတ်မုန့်လေး ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

နွားနို့  –  ၁/၄ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ဂျုံမှုန့်  –  ၁  ၁/၂ ခွက်

သရက်သီးမှည့်   –  ၂ – ၃ လုံး (အသားတွေ လှီးထုတ်ထားပါ)

သကြား  –  ၁/၄ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ကာနိုလာဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဗီနီလာအရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထောပတ်  –  ၃/၄ ခွက် (မုန့်လုပ်ရန် တိုင်းသောခွက်)

ကြက်ဥ  –  ၂ လုံး

ဘေကင်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဘေကင်ပေါင်ဒါ  –  လက်ဖက်ဇွန်း ၁/၂ ဇွန်း

အုန်းသီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ကိတ်မုန့်ပေါ်တင်ရန်

သရက်သီးအမှည့်  –  ၁  ခြမ်း  (လေးထောင့်အတုံးသေးတွေ လှီးထားပါ)

အသင့်သုံး သကြားလွှာခရင်မ်  –  ၁ ဘူး (Rich & Creamy Frosting)

ပြုလုပ်ရန်

၁။  အာဗင်မှ Manual Cookingက Oven ခလုတ်ကိုနှိပ်၍ အပူချိန် ၂၅၀ ချိန်ပြီး အပူပေးထားပါ။

၂။  မုန့်လုပ်ရန် မွှေစက်ထဲ သကြားနှင့်ထောပတ်ကို အဝါဖျော့အရောင် ဖြစ်ပြီး ပျစ်ချော၍ ခရင်မ်ဖြစ်လာသည်အထိ မွှေပါ။

၃။  မုန့်မွှေစက်ကို အချိန်လျှော့ထားပြီး ဆက်မွှေထားပါ။ ကြက်ဥကို ၁ လုံးစီထည့်ပါ။ ပြီးလျှင် အုန်းသီးမှုန့်၊ ဗနီလာအရည်၊ သရက်သီး၊ နွားနို့များထည့်ပြီး ၄ မိနစ်ခန့် မုန့်အနှစ်များပွလာသည်အထိ မွှေပေးပါ။

၎။  ဖန်ဇလုံအကြီးထဲ ဂျုံမှုန့်၊ ဆား၊ ဆော်ဒါ၊ ဘေကင်ပေါင်ဒါအမှုန့် များအားလုံး ရောမွှေပါ။ ကြက်ဥအနှစ်ကို လောင်းထည့်ပြီး ဇွန်းအပြား လေးနဲ့ သေချာဖွဖွလေးမွှေပါ။ ကြက်ဥအနှစ်နှင့် ဂျုံမှုန့်များ အားလုံး သေချာရောအောင် မွှေပေးပါ။

၅။   အရမ်းကြီးမမွှေပါနှင့်။ မုန့်သား အရမ်းကျစ်သွားလျှင် အစိုဓာတ် ပျောက်သွားတတ်ပါတယ်။

၆။  မုန့်ဖုတ်ရန် ဗန်းအဝိုင်းထဲ နယ်ထားသောမုန့်နှစ်များ လောင်းထည့်ပါ။ အာဗင်ထဲ ၆၀- ၆၅ မိနစ်ခန့် အညိုရောင်သန်းလာသည်အထိ ဖုတ်ပါ။

၇။  ကိတ်မုန့်ကျက်လျှင် ဗန်းထဲက ထုတ်ပြီး အအေးခံထားပါ။ ကိတ်မုန့် အေးလျှင် သကြား လွှာခရင်မ်ကို ကိတ်မုန့်အပေါ်သားအုပ်သည်အထိ သေချာဖြန့်တင်ပါ။ ပြီးလျှင် သရက်သီးမှည့်အတုံးလေးများကို ကိတ်မုန့်အလယ်မှာ  သေချာစီတင်ပါ။ စိတ်တိုင်းကျ အတုံးလေး များတုံးပြီး ကော်ဖီ၊ လက်ဖက်ရည်၊ အအေးတို့နှင့် အတူတွဲပြီး သုံးဆောင်လို့ ရပါတယ်။

Facebook Comments