သဘာဝမွေး ကြက်အသည်းအမြစ်နှင့် ခရမ်းချဉ်သီးချက် (Free Range Chicken Giblet with Tomato)

by Syi Lwin (Foods Garden) for Food Magazine

             ဟိုတယ်မှာ ချက်ဖြစ်ခဲ့တဲ့ ဟင်းပွဲလေးပါ။ အာရှနိုင်ငံသားတွေတင်မက အနောက်တိုင်းလူမျိုးတွေပါ မှာစားကြလွန်းလို့ အားလုံး ချက်စားကြည့်လို့ရအောင် ရှယ်လိုက်ပါ တယ်။

ပါဝင်ပစ္စည်းများ

ကြက်အသည်းအမြစ်  –  ၃၀ ကျပ်သား

ကြက်သွန်နီ  –  ၄ လုံး (ထောင်းထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (ထောင်းထားပါ)

စပါးလင်  –  ၁ ချောင်း

ချင်း  –  လက်တစ်ဆစ် (ထောင်းထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

အရောင်တင်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၃  ၁/၂ ဇွန်း

ခရမ်းချဉ်သီး  –  ၃ လုံး (ခပ်ပါးပါးလှီးထားပါ)

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။  ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလျှင် ကြက်သွန်ဖြူ/နီ၊ စပါးလင်၊ နနွင်းမှုန့်နှင့် ချင်းတို့ကို ထည့်၍ ဆီသတ်ပါ။ ကြက်သွန်များနွမ်းလာလျှင် ခရမ်းချဉ်သီး၊ ငံပြာရည်နှင့် အရောင်တင်မှုန့်တို့ကို ထည့်ပါ။

၂။  ရွှေရောင်သန်းပြီး မွှေးလာလျှင် ကြက်အသည်းအမြစ် များထည့်ပြီး ရေအနည်းငယ် ထည့်၍ အဖုံးအုပ်ပြီး တည်ပါ။

၃။  ၂၀-၂၅ မိနစ်ခန့် ကြာအောင် တည်ပြီးလျှင် ခပ်ဖွဖွလေး မွှေပေးပါ။ ရေခန်းလျှင် နောက်ထပ်တစ်ခွက် ထပ်ထည့်ပါ။

၎။  ရေခန်းပြီး ဆီအနည်းငယ်ပြန်လာလျှင် ဆားမြည်း၍ လိုတာထပ်ထည့်ပြီး ဖြည့်နိုင်ပါတယ်။

Facebook Comments