သဘာဝနည်းစိုက် ခရမ်းချဉ်သီးပီဇာ (Organic Tomato Pizza)

by Syi Lwin Foods Garden for Food Magazine

          သဘာဝစိုက်ပျိုးနည်းဖြင့်စိုက်ထားသော ခရမ်းချဉ်သီးများက အင်မတန်နက်နဲတဲ့ အရသာရှိပြီး ဟင်းချက်ရင် အရသာဆွဲဆောင်မှုရှိလို့ ကျန်းမာရေးနှင့်လည်း ညီညွတ်စေပါတယ်။ လုပ်စားဖြစ်အောင် လုပ်စားကြည့်နော်။

ပါဝင်ပစ္စည်းများ

ဂျုံအနှစ်တုံး (dough)  –  ၃၀ဝ ဂရမ် (dough) ဂျုံအနှစ်အသားတုံး

ခရမ်းချဉ်သီး အလုံးကြီး  –  ၂ လုံး (အကွင်းလိုက် ပါးပါးလှီးထားပါ)

Thyme  –  ၃ ပင် (အရွက်များ ခြွေထားပါ)

ချိစ်ပြား  –  ၁၀ ပြား(ဆန်းဝှေ့လုပ်စားသော ချိစ်ချပ်များ)

သံလွင်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဗာဆာမစ်ရှလကာရည်  –  လိုသလောက် (ပီဇာပေါ် ဖျန်းစားနိုင်ပါတယ်)

ဆားကြမ်း  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဂျုံအနှစ်တုံး (dough) ကို မိမိလိုချင်သလို အဝိုင်း၊ လေးထောင့်ကို ဂျုံအနည်းငယ် ဖြူးထားသော စားပွဲပေါ်တင်ပြီး မုန့်လှိမ့်တလိမ့်တုံးဖြင့် လှိမ့်၍ ပီဇာအောက်သား မုန့်ချပ်ရအောင်လုပ်ပါ။ ပီဇာချပ် အထူအပါးကိုလည်း ကိုယ့်စိတ်ကြိုက် လုပ်နိုင်ပါတယ်။

၂။       ပီဇာချပ်ရလျှင် ဆီဆမ်းပြီး အာဗင်ထဲ အပူချိန် ၂၀ဝ ဒီဂရီ ဖြင့် ပီဇာသားကို အနည်းငယ် အရောင်တက်ရုံ ကင်ပါ။

၃။       လှီးထားသော ခရမ်းချဉ်သီး အကွင်းများကို မကပ်သော အကင်ဗန်းပေါ်မှာ စီတင်၍ အပေါ်မှ ဆားဖြူးကာ Thyme  ရွက်များ နှံ့အောင် လိုက်ဖြူးပြီး ဆီဆမ်းပါ။ ပြီးလျှင် ၁၅၀ ဒီဂရီအပူချိန်ဖြင့် အာဗင်ထဲမှာ ၁ မိနစ်ခန့် ကင်ပါ။ အာဗင်ထဲက ထုတ်ပြီး အအေးခံထားပါ။

၎။       မကျက်တကျက် ကင်ထားသော မုန့်ချပ်အပေါ်မှာ ချိစ်ချပ်လေးများ စီတင်ပါ။ ပြီးလျှင် ကင်ထားသော ခရမ်းချဉ်သီးများကို ခြေပြီးတင်ပါ။ အပေါ်မှ Thyme  ရွက်လေးများ ထပ်ဖြူးပါ။ ပြီးလျှင် အာဗင်ထဲထည့်ပြီး ၅-၈ မိနစ်ခန့် အပူချိန် ၂၀ဝ ဒီဂရီနှင့် ကင်ပါ။ ပီဇာအနား သာြးွကပ်လျှင် ရပါပြီ။ အနေတော်လေးများပိုင်းပြီး ပူပူလေး သုံးဆောင်လို့ရပါပြီ။ ဗာဆာမစ်ရှလကာရည် ကြိုက်သောသူများ အနည်းငယ်ဆမ်းပြီး စားနိုင်ပါတယ်။

Facebook Comments