သခွားသီးသုပ်

by ကိုသစ်ထူး for Food Magazine

           အရင်တစ်ရက်က ရိုက်ကူးရေးတစ်ခုမှာ သူငယ်ချင်းတစ်ယောက်က သူတို့ဒေသ ဓလေ့ သခွားသီးသုပ်လေး လုပ်ကျွေးရာက တော်တော်လေးတူတဲ့ ကျွန်တော့်အမေတို့ ရွာဓလေ့က သခွားသီးသုပ်လေးကို သတိတရဖြစ်ပြီး ပြန်လည်မျှဝေပေးဖို့ ဖြစ်လာပါတယ်။

ပါဝင်ပစ္စည်းများ

သခွားသီး  –  ၃ လုံး (အခွံနွှာပြီး အူတိုင်တွေမပါအောင် ဘေးသားတွေခြစ်ထားပါ)

ပုစွန်ဆိတ်  –  အကောင် ၂၀ ခန့် (ရေစင်စင်ဆေးပြီး ခြောက်နေအောင်လှော်၊ အကောင်ပျက်ရုံ ဖွဖွထောင်းထားပါ)

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း (မီးဖုတ်ထားပါ)

သံပရာသီး  –  ၂ လုံး (အရည်ညှစ်ရန်)

ငါးငံပြာရည်  –  ထမင်းစားဇွန်း ၁ ဇွန်း

ထန်းလျက်ခဲ  –  တစ်ဝက်

ကြက်သွန်နီ  –  ၁ လုံး (ပါးပါးလှီးပြီး)

ငရုတ်သီးစိမ်း  –  ၅ တောင့်

ကြက်သွန်ဖြူ  –  ၅ မြွှာ (၂ မျိုး ရောထောင်းထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပင်စိမ်းရွက်  –  ၅ ခက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။  စိမ်းစားငါးပိမီးဖုတ်နဲ့ ငါးငံပြာရည်၊ သံပရာသီး၊ ထန်းလျက်ခဲကို ခြေပြီး ရောမွှေထားပါ။

၂။  ကျန်ပါဝင်ပစ္စည်းများအားလုံး ရောနယ်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments