
26 - July - 2019
သခွာသီးနှင့် မြေပဲဆံသုပ် (Cucumber and peanut Slad)
by Syi Lwin for Food Magazine
သခွာသီးကို ဒီအတိုင်းစားရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ချဉ်စပ်သုပ်စားမယ်ဆိုရင်လည်း ထမင်းမြိန်စေတဲ့ အသုပ်တစ်ပွဲပါ။ သခွာသီးသုပ်က ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ ရေဓာတ်ကို အစေ့အဆန်က ဖြည့်ဆည်းပေးနိုင်တာကြောင့် ဒီအသုပ်က စားပြီး ပြီးပြည့်စုံစေပါတယ်။
ပါဝင်ပစ္စည်းများ
သခွာသီး – ၁ လုံး
(အခွံနွှာပြီး အမျှင်ချောင်းများခြစ်ထားပါ)
နေကြာဆီ – စားပွဲဇွန်း ၁ ဇွန်း
မြေပဲလှော် – စားပွဲဇွန်း ၁ ၁/၂ ဇွန်း
(မညက်တညက်ထောင်းပြီး ထည့်ပါ)
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ငရုတ်သီးစိမ်း – ၂ တောင့် (အကွင်းပါးပါးလှီးထားပါ)
ပူဒီနာ – ၂ ပင် (အရွက်များြွေခထားပါ)
နံနံပင် – ၂ ပင် (အရွက်များြွေခထားပါ)
ကြက်သွန်ဖြူကြော် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း
၁။ ဖန်ဇလုံအကြီးထဲ ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး သေချာနယ်ပါ။ အရသာ အားလုံးနှံ့အောင် နယ်ပြီးလျှင် စားမြည်းပါ။ လိုတာကို မိမိစိတ်တိုင်းကျ ထပ်ဖြည့်နိုင်ပါတယ်။