သင်္ချာကော်ပြန့် (ဂဏန်းသားကော်ပြန့်စိမ်း)

သင်္ချာကော်ပြန့် (ဂဏန်းသားကော်ပြန့်စိမ်း)

       ကော်ပြန့်စိမ်းဟာ ကျွန်မအလွန်နှစ်သက်သော အစားအစာတစ်ခုပါ။ ကော်ပြန့်စိမ်းကို လွမ်းရလွန်းလို့ လန်ဒန်မြေမှာ တစ်ခါခါ ဝမ်းနည်းသလိုတောင် ဖြစ်ခဲ့ရဖူးပါတယ်။ ဒီရောက်တော့ ကိုယ်လွမ်းတာတွေ ပြန်စားရတွေ့ရတဲ့ အခါ ဆွေမျိုးများကို တွေ့ရသကဲ့သို့ အလွန်ဝမ်းမြောက်ရပါတယ်။ ကော်ပြန့်စိမ်းရောင်းသူများက ကဏန်းသားနဲ့လုပ်တဲ့ ကော်ပြန့်ကို သင်္ချာကဏန်းလို့ တင်စားရောင်းချကြပါတယ်။ ဆီမပါဘဲ အရွက်များများနဲ့သာ လုပ်စားရတဲ့ အစားအစာမို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အရသာရှိတဲ့ အစားအစာဖြစ်ပါတယ်။ ကြည့်ရအောင် . . . ။

►   ပါဝင်ပစ္စည်းများ (အခု ၃ဝ စာ)

♦   ကဏန်းအသား   –   ၂ဝ ကျပ်သား

♦   စိမ်းစားဥ   –   ၁၅ ကျပ်သား

♦   ဂေါ်ဖီ   –   ၃ဝ ကျပ်သား

♦   မုန်လာဥနီ   –   ၁ဝ ကျပ်သား

♦   ပဲပင်ပေါက်   –   ၁ဝ ကျပ်သား

♦   ကြက်သွန်မြိတ်   –   ၅ ပင်

♦   ဆား   –   သင့်ရုံ

♦   ငရုတ်ကောင်း   –   သင့်ရုံ

♦   ကော်ပြန့်ရွက်   –   ၃ဝ ရွက်

►   ပြုလုပ်နည်း

၁။         ဂေါ်ဖီ၊ ဥနီ၊ စိမ်းစားဥ၊ ကြက်သွန်မြိတ် စတာတွေကို သေးသေးလေးများဖြစ်အောင် ဓားခုတ်ပေါက်ထားပေးပါ။ ဒယ်အိုးတစ်ခုထဲမှာ ကဏန်းအသားများကို ငရုတ်ကောင်း၊ ဆား စတာတွေနှင့်နယ်ကာ အသီးအရွက်စုံ၊ ပဲပင်ပေါက်တို့နှင့် ရေအနည်းငယ်ဖြင့် လှိမ့်ပေးနေပါ။ အရွက်များနူးပြီး အရည်ခန်းလာရင် မီးပိတ်ထားပေးပါ။

၂။         ကော်ပြန့်ရွက်လေးများကို အဝတ်စုံတစ်ခုဖြင့် သုတ်ပြီး အလယ်မှာ အသီးအနှံများပုံကာ လိပ်ပေးပါ။ ရေနွေးငွေ့ငွေ့ပေးပြီး ပူအောင် ပေါင်းထားနိုင်သလို စားခါနီးမှ ကော်ပြန့်ကို Microwave မှာ ၃ဝ စက္ကန့်ခန့် အပူပေးပြီး ဆော့စ်နှင့် စားနိုင်ပါပြီ။

၃။         ကော်ပြန့်ရွတ်များကို City Mart Frozen ကောင်တာမှာ ရနိုင်ပါတယ်။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments