သက်သတ်လွတ် မြေအိုးဒံပေါက်  (Vegetarian Briyani)

by Myint Oo Thar for Food Magazine

ဒံပေါက်ဆိုရင် ကြက်သား၊ ဒါမှမဟုတ် ဆိတ်သားနဲ့ အကြိုက်များကြတယ်။ ဒါပေမဲ့ သက်သတ်လွတ်ဒံပေါက်ကို

တော့ လူသိနည်းတဲ့အပြင် စားဖူးတဲ့သူလည်း ရှားမယ်ထင်ပါတယ်။ အဲဒါတင်မကပါဘူး။ ဒီလ ကျွန်တော် မိတ်ဆက်ပေးမယ့် ဒံပေါက်က သက်သတ်လွတ်ဖြစ်တဲ့အပြင် မြေအိုးဒံပေါက်လည်းဖြစ်တော့ စာဖတ်သူတွေအတွက် သက်သတ်လွတ်မြေအိုး ဒံပေါက်က စိမ်းနေမယ်လို့ ထင်ပါတယ်။ မြေအိုးဒံပေါက်ရဲ့ မူရင်းကတော့  အိန္ဒိယကပါ။ ကျွန်တော် စပြီးတော့ သိပြီး စားဖူး တာက ကျွန်တော် နေခဲ့ဖူးတဲ့ မလေးရှားမှာ ဖြစ်ပါတယ်။ မြေအိုးဒံပေါက်ကို ကြိုက်နှစ်သက်တဲ့အသားနဲ့ ချက်နိုင်သလို သက်သတ်လွတ်လည်း ချက်နိုင်ပါတယ်။ မလေးရှားနဲ့ အိန္ဒိယမှာတော့ မြေအိုးနဲ့ ချက်ပါတယ်။ ကျွန်တော်ကတော့ အိမ်မှာ ရှိတဲ့ တရုတ်မြေအိုး (Chinesse Clay Pot) နဲ့ ချက်ပါတယ်။

ဒံပေါက်ထမင်းချက်ရန်အတွက်

ပါဝင်ပစ္စည်းများ

ဒံပေါက်ဆန် –  ၃ ခွက်

(မိနစ် ၂၀ ခန့် ရေစိမ်ထားပါ)

ကရဝေးရွက် –  ၁ ရွက်

သစ်ကြံပိုးခေါက် –  ၁ ချောင်း

ဖာလာစေ့ –  ၄ စေ့

နာနတ်ပွင့် –  ၂ ပွင့်

လေးညှင်း –  ၂ ပွင့်

ဒိန်ချဉ် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်နီကြော် –  စားပွဲဇွန်း ၂ ဇွန်း

ရေ –  ၈ ခွက်

အဝါရောင်ဆိုးဆေး –  အနည်းငယ်

သက်သတ်လွတ်ဟင်းချက်ရန်အတွက်

ပါဝင်ပစ္စည်းများ

မုန်လာဥနီ –          ၁၂၀ ဂရမ်

ပဲတောင့်ရှည် –           ၇၀ ဂရမ်

ပန်းဂေါ်ဖီ –  ၁၆၀ ဂရမ်

ပဲသီးစိမ်း –  ၇၀ ဂရမ်

ကြက်သွန်နီ –  ၁၂၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်ဖြူ –  ၃၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ချင်း –  ၂၅ ဂရမ် (နုပ်နုပ်စဉ်းထားပါ)

ခရမ်းချဉ်သီး –  ၁ဝဝ ဂရမ်

(အတုံးသေးသေးတုံးထားပါ)

ငရုတ်သီးမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကရဝေးရွက် –  ၁ ရွက်

သစ်ကြံပိုးခေါက် –  ၁ ချောင်း

နာနတ်ပွင့် –  ၂ ပွင့်

လေးညှင်း –  ၂ ပွင့်

ပူဒီနာ –  ၃ ပင်

နံနံပင် –  ၄ ပင် (ပါးပါးလှီးထားပါ)

မဆလာ –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆီ –  စားပွဲဇွန်း ၄ ဇွန်း

ထောပတ် –  ၃၀ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ရေ –  ၃၅၀ မီလီလီတာ

ပြုလုပ်နည်း

၁။        ထမင်းချက်ဖို့အတွက် အိုးထဲ ရေထည့်ပြီး တည်ပါ။

၂။         ရေဆူလာလျှင် ရေစိမ်ထားတဲ့ဆန်ကို ဆန်ခါနဲ့ စစ်ပြီး ထည့်ပါ။ လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင် အားလုံးထည့်ပါ။ ပြီးလျှင် ကြက်သွန်ကြော်နှင့် ဆား ထည့်ပြီး ချက်ပါ။

၃။        ဆန် သုံးပုံ နှစ်ပုံလောက် ကျက်လျှင် ဆန်ခါထဲ လောင်းချပြီး ထမင်းကို စစ်ယူထားပါ။

၄။        သက်သတ်လွတ်ဟင်းချက်ရန် အိုးထဲ ဆီထည့်ပါ။ ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီး ဆီသတ်ပါ။ မွှေးလာလျှင် ခရမ်းချဉ်သီးနှင့် ငရုတ်သီးမှုန့်ထည့် ပြီး မွှေပါ။

၅။        ပြီးလျှင် အဆင်သင့်လှီးထားတဲ့ ဟင်းသီးဟင်းရွက် များထည့်ပြီး မွှေပါ။

၆။        ပြီးလျှင် ရေထည့်၍ ချက်ပြီး ဆား၊ မဆလာ၊ နံနံပင်နှင့် ပူဒီနာတို့ကို ထည့်၍ မွှေပါ။

၇။        ဟင်းကို ခြောက်နေအောင် ချက်စရာမလိုပါ။ ရေ နည်းနည်းကျန်အောင် ချက်ပါ။

၈။        ပြီးလျှင် ဒံပေါက်ချက်မယ့် မြေအိုးထဲမှာ ငှက်ပျော ရွက်ကို ခံထားပါ။ ပြီးလျှင် ချက်ထားတဲ့ဟင်းကို အရင်ထည့်ပါ။

၉။        ပြီးလျှင် စောစောက ချက်ထားတဲ့ထမင်း ထည့်ပါ။ ပြီးလျှင် ဒံပေါက်အရောင်လှစေရန် အရောင်ဆိုး ဆေးအဝါကို ၁ စက်၊ ၂ စက် ထည့်ပါ။

၁၀။      ပြီးလျှင် ခဲဖတ်နဲ့အုပ်ပါ။ ပြီးလျှင် မြေစလောင်းဖုံးနဲ့ အုပ်ပြီး မီးအေးအေးနဲ့ ထမင်းနပ်သည်အထိ ချက်ပါ။ ၁၀၊ ၁၅ မိနစ်ဆိုလျှင် ကျက်ပါပြီ။

၁၁။      ခဲဖတ်မရှိလျှင် ဂျုံကို ရေအနည်းငယ်နဲ့ နယ်ပြီး မုန့်သားရအောင် နယ်ပါ။ ပြီးလျှင် ချပါတီလို ရအောင် တလိမ့်တုံးနှင့် လှိမ့်ပြီး မြေအိုးနဲ့ စလောင်း ဖုံးကြားမှာ အငွေ့မထွက်အောင် နယ်ထားတဲ့ မုန့်သားနဲ့ လုံအောင် ကပ်ပါ။

၁၂။      ထမင်းနပ်ပြီဆိုလျှင် ထမင်းနဲ့ဟင်းကို မြေအိုးထဲမှ ကော်ယူပြီး သုံဆောင်နိုင်ပါပြီ။

(မြန်မာဒံပေါက်မှာ ဟင်းခတ်အမွှေးအကြိုင်နည်း ပြီး ထောပတ်ဆီပိုများပါတယ်။ အဲဒါကြောင့် စိတ် ကြိုက်အရသာ ဖြစ်ဖို့ဆိုရင် ဟင်းခတ်အမွှေး အကြိုင်ကို လျှော့ပြီး ချက်နိုင်ပါတယ်။)

Facebook Comments