သက်ကြီးရွယ်အိုနှင့် ရေ

အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေနှင့် ယှဉ် လိုက်လျှင် နဂိုကတည်းက ခန္ဓာကိုယ်ထဲမှာ ရေထုနည်း နေတဲ့အတွက် ရေဓာတ်ခန်းခြောက်တဲ့ အခြေအနေ (dehydration) ကို ကြုံတွေ့နိုင်တဲ့ အန္တရာယ် ပိုများပါ တယ်။ ခန္ဓာကိုယ်ထဲမှာ ရေတွေ ဘယ်လို ဖြန့်ကြက် တည်ရှိနေတယ်ဆိုတာ ဦးစွာ ရှင်းပြပါမယ်။

 

လူ့ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ရေ

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရေပြား၊ြွကက်သား၊ အဆီပြင်၊ အရိုး စတဲ့ ကိုယ်အင်္ဂါ အစိတ် အပိုင်းတွေ၊ အသည်း၊ အဆုတ်၊ နှလုံး စတဲ့ ကလီစာ တွေဟာ သန်းပေါင်းများစွာသော ရုပ်ကလာပ်စည်း (Cell – ဆဲလ်) များနှင့် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ ဥပမာပေးရမယ်ဆိုလျှင် ခန္ဓာကိုယ်ဟာ အုတ်ချပ် ကလေးတွေ အမြောက်အမြားနှင့် တည် ဆောက်ထားတဲ့ တိုက်အိမ်တစ်လုံးနှင့် တူပြီး ရုပ်ကလာပ်စည်း (ဆဲလ်) တွေက အုတ်ချပ်ကလေးများနှင့် တူပါတယ်။ တိုက်အိမ် ဆောက်ထားတဲ့ အုတ်ချပ်ကလေးတွေ တစ်ခုနှင့်တစ်ခု ကြားမှာ ကြားခံ ကွက်လပ် (space) နေရာကလေးတွေ ရှိနေသလိုပဲ ခန္ဓာကိုယ်ရဲ့ ဆဲလ်တစ်ခုနှင့်တစ်ခုကြားမှာ လည်း ကွက်လပ် (space) တွေ ဖြစ်နေပါတယ်။ အဲဒီ ကြားခံကွက်လပ်ထဲမှာ သွေးလွှတ်ကြောတွေ၊ သွေးပြန် ကြောတွေ ရှိနေပါတယ်။

ဆဲလ်တွေရဲ့ အတွင်းပိုင်းမှာရော၊ ဆဲလ်တစ်ခုနှင့် တစ်ခုကြားက ကွက်လပ်ထဲမှာရော ရေ (အရည်) တွေ ရှိနေပါတယ်။ သွေးကြောများအတွင်း စီးသွားနေတဲ့ သွေးကို ဓာတ်ခွဲကြည့်မယ်ဆိုလျှင်လည်း အလေးချိန် အားဖြင့် ၂၀% လောက်ဟာ သွေးနီဥတွေ၊ သွေးဖြူဥတွေ၊ ပရိုတင်းနှင့် ဗီတာမင် စတဲ့ အာဟာရတွေဖြစ်ပြီး ကျန်တဲ့ ၈၀% ကျော်က ရေတွေ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ရေအများစု (၆၀% မှ ၇၀%) ဟာ ဆဲလ်တွေရဲ့ အတွင်းပိုင်းမှာ ရှိနေခြင်း ဖြစ်ပါ တယ်။ သွေးအပါအဝင် ဆဲလ်တွေရဲ့အပြင်မှာ ရှိနေတဲ့

ရေပမာဏဟာ ဆဲလ်တွေရဲ့ အတွင်းပိုင်းမှာရှိနေတဲ့ ရေပမာဏလောက် မများပါဘူး။

 

သက်ကြီးရွယ်အိုတွေရဲ့  ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ရေ

အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေနှင့် ယှဉ် လိုက်လျှင် ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တဲ့ အခြေ အနေကို ကြုံတွေ့နိုင်တဲ့ အန္တရာယ် ပိုများရခြင်းရဲ့ အကြောင်းတစ်ခုက အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ် ထဲမှာ ရှိနေတဲ့ ရေ အချိုးအဆ နည်းသွားခြင်း ဖြစ်ပါ

တယ်။ လူရွယ်၊ လူလတ် အမျိုးသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ရေတွေရဲ့ အလေးချိန်ဟာ ကိုယ် အလေးချိန်ရဲ့ ၆၀% လောက် ရှိပါတယ်။ သက်ကြီးရွယ် အိုဘဝ ရောက်တဲ့အခါ ရေရဲ့အလေးချိန်ဟာ ခန္ဓာကိုယ် အလေးချိန်ရဲ့ ၅၅% လောက်သာ ရှိပါတော့တယ်။ ယခုလို လျော့သွားရတဲ့ အကြောင်းရင်းတစ်ခုက ခန္ဓာကိုယ်မှာြွကက်သားထုနည်းသွားခြင်းကြောင့် ဖြစ်ပါတယ်။ြွကက်သားတစ်ခုရဲ့ အလေးချိန်ဟာ ၁၀ ကျပ်သား ရှိတယ် ဆိုရင် ၇ ကျပ်ခွဲသား (၇၅%) ဟာြွကက်သားတွေမှာရှိနေ တဲ့ ရေရဲ့အလေးချိန် ဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ြွကက်သားတွေဟာ ရေပါဝင်မှုများတဲ့ တစ်ရှူး

(Tissue = ဆဲလ်အစုအဝေး) တွေ ဖြစ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရေထုထည် အနည်း၊ အများဟာ အဲဒီလူမှာရှိတဲ့ြွကက်သားထု အကြီး၊ အသေးနှင့်လည်း သက်ဆိုင်ပါတယ်။ြွကက်သားထု

ကြီး သူရဲ့ ခန္ဓာကိုယ်မှာ ရေပိုများပါတယ်။ အမျိုးသား တစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရေပမာဏဟာ ကိုယ်အလေးချိန်ချင်းတူတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ရေပမာဏထက် ပိုပြီးများပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယောကျာ်းတွေရဲ့ခန္ဓာကိုယ် က မိန်းမတွေရဲ့ ခန္ဓာကိုယ်ထက်ြွကက်သား ပိုများလို့ ဖြစ်ပါတယ်။

အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အသက် ကြီးပိုင်း (၅၀ ကျော်) အရွယ်ကို ရောက်လာတဲ့အခါ ခန္ဓာကိုယ်မှာြွကက်သားထု တဖြည်းဖြည်းလျော့နည်း လာတာဟာ သဘာဝပါပဲ။ ဝတဲ့လူတွေမှာ အဆီတွေ ဖုံးနေလို့ မသိသာပေမယ့် မဝတဲ့သူတွေမှာ အသက်ကြီး လာတာနဲ့အမျှြွကက်သားတွေ သေးလာတာ၊ ပျော့လာ တာ သိသာပါတယ်။ အလောင်းစည်သူမင်းကြီးက သူ့လက်ရုံးကို ဆန့်တန်းပြီး ]ငါ မအိုသေးဘူး} လို့ ကြုံးဝါး တဲ့အခါ လက်မောင်ြးွကက်သားတွေ လျော့ရဲရဲဖြစ်နေ တာကို မြင်ရတဲ့ အမတ်တွေက ကျိတ်ပြီး ရယ်ကြတဲ့ ရာဇဝင်ကို ကြားဖူးကြပါလိမ့်မယ်။

အသက်ကြီးတဲ့အခါ ရေပါဝင်မှုများတဲ့ြွကက်သား ထု လျော့သွားတယ်ဆိုတော့ ခန္ဓာကိုယ်ရဲ့ ရေထုလည်း လျော့သွားတယ်ဆိုတာ ပြောစရာမလိုတော့ပါဘူး။ လူ တစ်ယောက်ဟာ အသက် ၂၀ အရွယ်ကနေ အသက် ၈၀ ကြားထဲမှာ ခန္ဓာကိုယ်ကနေ ရေ ၄ လီတာမှ ၆ လီတာအထိ လျော့သွားတယ်လို့ ဆိုပါတယ်။ လူတစ်ယောက်နှင့် တစ်ယောက်တော့ မတူပါဘူး။ ဝိတ် (အလေး) မ တဲ့ အားကစားမျိုးလုပ်ရင်ြွကက်သားထုကို ထိန်းထားနိုင် တယ်ဆိုပေမယ့် အသက်ကြီးရင်ြွကက်သားထုလျော့ သွားတယ်ဆိုတဲ့ အခြေခံသဘောနှင့် ဖြစ်စဉ်ကိုတော့ ဘယ်သူမှ ရပ်ထားလို့ မရပါဘူး။

 

သတိမေ့တတ်ခြင်း၊ လှုပ်ရှားရန် ခက်ခဲခြင်း

ပစ္စည်းတစ်ခုကိုယူမယ်လို့ စိတ်ကူးပြီး အခန်းထဲ ဝင်သွားတယ်။ အထဲရောက်တော့ ငါဘာလုပ်ဖို့ ဝင်လာ တယ်ဆိုတာ သတိမရတော့လို့ ဘာမှမလုပ်ဘဲ ပြန်ထွက် လာရတာမျိုးဟာ အသက်အရွယ်ကြီးလာတဲ့အခါ ပိုပြီး ဖြစ်တတ်ပါတယ်။ ငယ်ရွယ်သူတွေမှာ ဒီလိုဖြစ်တာက လုပ်စရာတွေများပြီး အာရုံထွေပြားနေလို့ ဖြစ်တာပါ။ သက်ကြီးရွယ်အိုမှာတော့ အာရုံတစ်ခု၊ အတွေးတစ်ခု တည်းမှာ စိတ်ကို စူးစိုက်မထားနိုင်တော့လို့ မှတ်ဥာဏ် အားနည်းလာလို့ ဖြစ်ပါတယ်။ အချို့သက်ကြီးရွယ်အို တွေဟာ ရေသောက်ဖို့ကိုပင် မေ့နေတတ်ကြပါတယ်။ ရေသောက်ပြီးပြီလား၊ မသောက်ရသေးဘူးလားဆိုတာ လည်း ဇဝေဇဝါ ဖြစ်နေတတ်ပါတယ်။ ရေသောက်ဦးမယ် ဆိုတဲ့ စိတ်ကူးနဲ့ ရေရှိရာကို ထသွားပြီးမှ ရေမသောက် ဖြစ်ဘဲ ပြန်လာတာမျိုး ရှိပါတယ်။ ရေသောက်ဖို့ ပြောထား၊ မှာထားပေမယ့် မေ့ပြီး မသောက်ဖြစ်တာမျိုးလည်း ရှိပါ တယ်။ ရေသောက်ချင်စိတ်ရှိနေပေမယ့် ရေအိုးစင်ရှိရာ၊ ရေခဲသေတ္တာရှိရာ နေရာကိုလည်း ထမသွားနိုင်၊ ခိုင်းစရာ လူက မရှိ၊ ရှိတဲ့လူကလည်း သူ့အလုပ်နှင့်သူရှုပ်နေတာမို့ အားနာပြီး မပြောဖြစ်တာ၊ မသောက်ဖြစ်တာမျိုးတွေ လည်း ရှိနိုင်ပါတယ်။

အဲဒါတွေကို ဖြေရှင်းတဲ့ နည်းကတော့ အိမ်မှာ သက်ကြီးရွယ်အို မိဘ၊ ဘိုးဘွားများရှိလျှင် သူတို့ လက် လှမ်းမီတဲ့နေရာမှာ သောက်ရေချိုင့်၊ သောက်ရေပုလင်း ကို အဆင်သင့်ထားပေးဖို့ ဖြစ်ပါတယ်။ ရေသောက်လိုက် ပါဦး ဆိုတာကိုလည်း မကြာမကြာ သတိပေးသင့်ပါ

တယ်။ လိုအပ်လျှင် ကိုယ်တိုင်တိုက်ပေးရပါမယ်။ ရေဆာနေပြီလားလို့ မေးမနေတော့ဘဲ အချိန်မှန် (ဥပမာ- တစ်နာရီတစ်ခါ) ရေတိုက်ပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်။ လူတစ်ယောက်ဟာ ရာသီဥတု မျှတတဲ့ ရက်တစ်ရက်မှာ ရေနှင့် အရည်အမျိုးမျိုး ၂ လီတာ လောက် သောက်သင့်ပါတယ်။

 

ရေဆာသည့် ခံစားမှု လျော့နည်းသွားခြင်း

လူတစ်ယောက်ဟာ ရေသောက်တဲ့ပမာဏ နည်း တယ်၊ ဒါမှမဟုတ် (ဝမ်းသွားလို့၊ ချွေးထွက်များလို့) ရေဆုံးရှုံးမှုပမာဏ များသွားတယ်ဆိုရင် သွေးထုထည် နည်းသွားပြီ။ သွေးဟာ ပျစ်လာပါတယ်။ လူရဲ့ ဦးနှောက် တစ်နေရာမှာ ရှိနေတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) ဆိုတဲ့ အင်္ဂါအစိတ်အပိုင်းကလေးဟာ သွေးပျစ် လာတာကို ခံစားသိရှိနိုင်စွမ်းရှိပါတယ်။ ပစ်ကျူထရီ ဂလင်းကလေးက ဦးနှောက်ရဲ့ ရေဆာခြင်းကို ထိန်းချုပ်ရာ ဌာန (thirst centre) ကို သွေးတွေပျစ်လာတဲ့အကြောင်း သတင်းပို့လိုက်တဲ့အခါ လူမှာ ရေဆာတယ်ဆိုတဲ့ ခံစား ချက် ဖြစ်ပေါ်လာပါတယ်။

ရေဆာတယ်ဆိုတဲ့ ခံစားမှုဖြစ်လာတဲ့အခါ စကား ပြောတတ်တဲ့အရွယ် ကလေးတွေကအစ ]ရေသောက် ချင်တယ်၊ ရေသောက်မယ်} လို့ ပြောတတ်ကြပြီး စကား မပြောတတ်သေးတဲ့အရွယ် ကလေးငယ်များက ရေအိုး ကို လက်ညှိုးထိုးပြပြီး ငိုတဲ့နည်းနဲ့ ခံစားမှုကို ပြသကြပါ တယ်။ ရေဆာလာတဲ့အတွက် ရေကို အဝသောက်လိုက် လျှင် ခန္ဓာကိုယ်မှာ ရေထုနည်းနေတဲ့ အခြေအနေဟာ သက်သာပြေပျောက်သွားပါတော့တယ်။

သက်ကြီးရွယ်အိုဘဝမှာ ရေသောက်နည်းလို့ သွေးကျဲနေတာကို ပစ်ကျူထရီဂလင်းက ခံစားနိုင်စွမ်း နည်းလာပါတယ်။ ရေငတ်တယ်ဆိုတဲ့ ခံစားမှုကလည်း မထက်မြက်တော့ပါဘူး။ ဒီလိုနှင့် မဆာတော့ မသောက်၊ မသောက်တော့ ရေခန်းခြောက်ဆိုတဲ့ အဆင့်ကို ရောက် သွားတတ်ပါတယ်။

အသက်ကြီး (၅၀ ကျော်) လာတာနှင့်အမျှ ခန္ဓာ ကိုယ်ရဲ့ ရေထုလျော့နည်းသွားတဲ့ ဖြစ်စဉ်ကြောင့် သက်ကြီးရွယ်အိုတွေဟာ ငယ်ရွယ်သူတွေနှင့်ယှဉ်လိုက် လျှင် ရေခန်းခြောက် (dehydration) ဖြစ်နိုင်တဲ့ အလား အလာ ပိုများပါတယ်။ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ချွေးထွက် လွန်ခြင်း စသည့် အကြောင်းတွေကြောင့် ခန္ဓာကိုယ်မှ

ရေများ ထွက်သွား၊ ဆုံးရှုံးသွားတဲ့အခါ သက်ကြီးရွယ်အို တွေဟာ ခန္ဓာကိုယ် ရေခန်းခြောက်မှုအခြေအနေကို ငယ်ရွယ်သူတွေထက် ပိုပြီး လွယ်လွယ်ကူကူ ရောက်သွား နိုင်ပါတယ်။

 

ခန္ဓာကိုယ်အတွင်းရှိ ရေပမာဏကို ထိန်းခြင်းသဘာဝ

ဆီးသွားတာဟာ ခန္ဓာကိုယ်မှာ ပိုနေတဲ့ ရေတို့ကို စွန့်ထုတ်ရာမှာ အထိရောက်ဆုံးနည်း ဖြစ်ပါတယ်။ ရေ သို့မဟုတ် အရည်တစ်မျိုးမျိုး သောက်တဲ့ပမာဏများလျှင် ဆီများများပေါက်တာဟာ ခန္ဓာကိုယ်အတွင်းမှာ ပိုနေတဲ့ ရေတွေကို စွန့်ထုတ်တဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ဝမ်းလျှောလျှင်ဖြစ်စေ၊ ချွေးထွက်များလျှင်ဖြစ်စေ ခန္ဓာ ကိုယ်မှ ရေဆုံးရှုံးမှု များနေတဲ့အခါ ဆီးနည်းသွားတာက ခန္ဓာကိုယ်မှ ရေတွေ ထပ်ပြီးမဆုံးရှုံးရအောင် ထိန်းတဲ့ သဘော ဖြစ်ပါတယ်။ အရည်သောက်နည်းတဲ့အခါ ဆီးနည်းသွားတာက ခန္ဓာကိုယ်ထဲကို ရေအဝင်၊ အထွက် မျှတအောင် ထိန်းတဲ့သဘောဖြစ်ပါတယ်။

ခန္ဓာကိုယ်မှ ရေအများအပြားဆုံးရှုံးတဲ့အခါမှာ ဖြစ်စေ၊ အရည်သောက်တဲ့ ပမာဏ နည်းတဲ့အခါဖြစ်စေ သွေးထုထည်ဟာ နည်းသွားပါတယ်။ ဒါကို ဦးနှောက်ရဲ့ တစ်နေရာမှာ ရှိနေတဲ့ ပစ်ကျူထရီဂလင်း (pituitary gland) လေးက သိပါတယ်။ အဲဒီလို သိလိုက်တဲ့အခါ ပစ်ကျူထရီဂလင်းလေးက အင်တီဒိုင်ယူရက်တစ် ဟော်မုန်း (Antidiuretic Hormone-ADH) ဆိုတဲ့ ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ Antidiuretic ဟော်မုန်း ဆိုတာ ဆီးသွားခြင်းကို ဆန့်ကျင်တဲ့ (ဆီးသွားတဲ့ ပမာဏကို နည်းစေတဲ့) ဟော်မုန်းလို့ ဆိုလိုပါတယ်။

ADH ဟော်မုန်းဟာ သွေးထဲမှာ လိုက်ပါလာပြီး ကျောက်ကပ်တွေဆီရောက်တဲ့အခါ ကျောက်ကပ်ရဲ့ ကျင်ငယ်ရည်ထုတ်လုပ်မှုလုပ်ငန်းမှာ စွက်ဖက်ခြင်းအား ဖြင့် ဆီးသွားတဲ့ပမာဏကို နည်းစေခြင်း ဖြစ်ပါတယ်။

 

ဆီးပေါက်ခြင်း (ကျပ်ငယ်စွန့်ခြင်း)

ဆီးဟာ ကျောက်ကပ်တွေထဲကို ရောက်လာတဲ့ သွေးရည်က ဖြစ်လာတာပါ။ သွေးရည်မှ ကျင်ငယ်ရည် ဖြစ်လာတဲ့အထိ ရှုပ်ထွေးလှတဲ့ လုပ်ငန်းစဉ်ကို အဆင့်

(၃ )ဆင့်အနေနဲ့ နားလည်ထားနိုင်ပါတယ်။

(၁)     ပထမအဆင့်မှာ ကျောက်ကပ်တွေထဲကို ရောက်လာတဲ့ သွေးတွေထဲက သွေးရည် အချို့ကို ရေစစ်သလို စစ်ထုတ်လိုက်ခြင်း (Filtration) ဖြစ်ပြီး၊

(၂)     ဒုတိယအဆင့်မှာ စစ်ထုတ်လိုက်လို့ ထွက် လာတဲ့အရည်(Filtrate-စစ်ထုတ်ရည် ဆို ပါစို့) ထဲက ရေအများအပြားနှင့် ခန္ဓာကိုယ် အတွက် အသုံးကျတဲ့ ဂလူးကို့စ်၊ ဆိုဒီယမ် စသည့် အာဟာရတွေ၊ ဓာတ်ပေါင်းတွေကို သွေးထဲကို ပြန်စုပ်ယူထားခြင်း (Reabsorption) ဖြစ်ပါတယ်။

(၃)     တတိယအဆင့်မှာတော့ စစ်ထုတ်ရည် (Filtrate) ထဲမှာ ပါသွားတဲ့ ပစ္စည်းအချို့  (ဥပမာ- ပိုတက်စီယမ်) ရဲ့ ပမာဏဟာ တကယ်စွန့်ထုတ်ပစ်ရမယ့် ပမာဏထက် နည်းနေသေးတဲ့အတွက် သွေးထဲကနေ စစ်ထုတ်ရည်ထဲကို ထပ်မံဖြည့်ပေးရခြင်း (Secretion) ပြန်ပါတယ်။

ဒီလို “လိုတိုး ပိုလျှော့” လုပ်ပြီးတော့မှ စစ်ထုတ် ရည်တွေဟာ ကျင်ငယ်ရည် (ဆီး) ရယ်လို့ ဖြစ်လာတာ

ပါ။ ADH ဟော်မုန်းဟာ လုပ်ငန်းစဉ်ရဲ့ ဒုတိယအဆင့် ဖြစ်တဲ့ စစ်ထုတ်ရည်ထဲက ရေတွေကို သွေးတွေထဲ ပြန်လည်စုပ်ယူတဲ့ (Reabsorption) လုပ်ငန်းမှာ ပါဝင် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်တွေထဲကနေ စစ်ထုတ်လိုက်တဲ့ သွေးရည်ပမာဏဟာ ၁ မိနစ်မှာ ၁၂၅ မီလီလီတာလောက် ရှိလေတော့ တစ်ရက်မှာ ၁၈၀ လီတာလောက် ရှိပါတယ်။ ဒီစစ်ထုတ်ရည်အားလုံးသာ ကျင်ငယ်ရည်ဖြစ်လာမယ်ဆိုရင် လူတစ်ယောက်ဟာ တစ်ရက်မှာ ဆီး ၁၈၀ လီတာလောက် သွားရပါလိမ့်မယ်။ တကယ်တော့ လူတစ်ယောက်ဟာ တစ်ရက်မှာ ပျမ်းမျှ ဆီးတစ်လီတာခွဲလောက်သာ သွားပါတယ်။ ကျန်တဲ့ရေ အားလုံးကို စစ်ထုတ်ရည်ကနေ သွေးထဲ ပြန်ရောက် အောင် ပြန်စုပ်ယူရပါတယ်။ ADH ဟော်မုန်းက စစ်ထုတ် ရည်ထဲက ရေတွေကို သွေးထဲရောက်အောင် ပြန်စုပ်ယူ တဲ့ လုပ်ငန်းကို အားပေးခြင်းအားဖြင့် ဆီးပေါက်တဲ့ ပမာဏကို နည်းသွားစေပါတယ်။

သက်ကြီးရွယ်အိုတွေမှာ ပစ်ကျူထရီဂလင်းမှ

ADH ဟော်မုန်းထုတ်လုပ်တဲ့ လုပ်ငန်းဟာ မထက်မြက် တော့ပါဘူး။ ADH ဟော်မုန်းက လှုံ့ဆော်ပေးသည့်တိုင် ကျောက်ကပ်တွေက သွေးထဲကို ရေပြန်စုပ်ယူတဲ့ လုပ်ငန်းကို သွက်သွက်လက်လက် မလုပ်နိုင်တော့ပါဘူး။ ဒါကြောင့် သက်ကြီးရွယ်အိုတွေမှာ ခန္ဓာကိုယ်ထဲက ရေ ပမာဏကို ထိန်းဖို့၊ ဆီးပေါက်တဲ့ပမာဏကို လိုအပ်သလို လျှော့နိုင်၊ တိုးနိုင်စွမ်း နည်းသွားပါတယ်။ ခန္ဓာကိုယ် ရေခန်းခြောက်နိုင်တဲ့ အန္တရာယ် ပိုများပါတယ်။

 

ခန္ဓာကိုယ်တွင် ရေခန်းခြောက်ခြင်း (dehydtation) လက္ခဏာများ

ခန္ဓာကိုယ်မှ ရေ ၅% လောက် လျော့သွားလျှင် ရေဆာခြင်း၊ နှုတ်ခမ်း၊ လျှာနှင့် အာခေါင်ခြောက်လာခြင်း၊ ဆီးနည်းပြီး အရောင်ရင့်လာခြင်း စသည့် ရှေးဦးလက္ခဏာ တွေ ဖြစ်ပေါ်လာပါတယ်။ ရေ ၁၀% နီးပါး လျော့သွားရင် သွေးခုန်နှုန်းမြန်ပြီး သွေးခုန်အား ပျော့နေခြင်း၊ သွေး ပေါင်ကျခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။

မျက်တွင်းချိုင့်လာခြင်း၊ အရေပြားတွန့်ရှုံ့လာခြင်း တို့ကိုလည်း တွေ့ရပါတယ်။ အချို့ သော သက်ကြီးရွယ်အို တွေရဲ့ လက်နဲ့ ဝမ်းဗိုက်တွေမှာ အရေပြားဟာ နဂို ကတည်းက ရှုံ့ ပြီး တွန့်နေပါတယ်။ သူတို့မှာ ရေခန်း ခြောက်မှုကြောင့် အရေပြား ရှုံ့မရှုံ့ သိနိုင်ဖို့ လက်၊ ဝမ်းဗိုက် တို့မှာ စမ်းလို့မရပါဘူး။ ရင်ဘတ်ရိုး (sternum) ရှေ့နှင့် ညှပ်ရိုး (clavicle) ရဲ့ အောက်နားမှာ စစ်ဆေးကြည့်ရပါ တယ်။ အရေပြားကို လက်ညှိုး၊ လက်မတို့နှင့် ညှပ်ပြီး အပေါ်ကို နည်းနည်း ဆွဲမç လိုက်ရပါတယ်။ ခဏနေပြီး ညှပ်ထားတဲ့ လက်ညှိုးနှင့် လက်မကို လွှတ်လိုက်တဲ့အခါ အရေပြားဟာ နဂိုနေရာကို ပြန်ပြီးလျော့ကျသွားတယ် ဆိုရင် ဒါဟာပုံမှန်ပါပဲ။ နဂိုနေရာကို ပြန်ပြီး လျော့ကျ မသွားဘဲ ရှုံ့တွန့်ပြီး ကျန်ခဲ့တယ်ဆိုရင် ရေခန်းခြောက်တဲ့ လက္ခဏာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်တွင် ရေခန်းခြောက်နေသူမှာ အစာ စားချင်စိတ်မရှိခြင်း၊ အားအင်ကုန်ခန်းလာခြင်း၊ လှုပ်ရှား မှုတွေ လေးလံ နှေးကွေးလာခြင်း၊ မူးဝေလာခြင်း၊ အာရုံ စူးစိုက်၍ မရခြင်း၊ အိပ်ငိုက်နေခြင်း၊ ကြောင်တိ ကြောင်တောင် ဖြစ်လာခြင်း၊ ကိုယ်အပူချိန်တက်လာခြင်း၊ြွကက်တက်ခြင်း၊ သတိချို့ယွင်းလာခြင်း၊ ဆီးချုပ်ခြင်း တို့လည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီအခြေအနေမျိုးမှာ သွေးကြောထဲကို အရည်အမျိုးမျိုး သွင်းပေးခြင်းနည်းဖြင့် ကုသဖို့ လိုအပ်နိုင်ပါတယ်။ ဆေးရုံကို အချိန်မီမရောက် တဲ့အတွက် ကျောက်ကပ်လုပ်ငန်း ထိခိုက်သွားတာ၊ အသက်သေဆုံးသွားတာမျိုးတွေ ရှိပါတယ်။

ခန္ဓာကိုယ်ထဲမှာ ရေ ၂၀% လောက် လျော့သွားပြီ ဆိုလျှင် အသက်သေဆုံးနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ သက်ကြီးရွယ်အိုတွေကို အရေးပေါ် ဆေးရုံတင်လိုက်ရတဲ့ အကြောင်းရင်းတွေထဲမှာ ရေခန်း ခြောက်ခြင်းဟာ ထိပ်ဆုံး ၁၀ ခုမှာ ပါဝင်ပါတယ်။ ရောဂါ အမျိုးမျိုးကြောင့် ဆေးရုံတက်ရသူ သက်ကြီးရွယ်အိုတွေ ထဲမှာ ခန္ခာကိုယ် ရေခန်းခြောက်နေသူတွေဟာ သေဆုံး မှုနှုန်း ပိုများပါတယ်။ အသက်မသေဆုံးသည့်တိုင် ဆေးရုံ မှာ ကုသခံရတဲ့အချိန်ကာလ ပိုပြီးရှည်ကြာပါတယ်။

Facebook Comments