သက်သတ်လွတ် အာလူးကြွပ်ချဉ်စပ်ဟင်း

by အံ့ဝင့်ထွဋ် for Food Magazine

          ဒီဟင်းလျာလေးက သက်သတ်လွတ်ကို အရသာတစ်မျိုး ထူးခြားအောင် ပြင်ဆင် ချက်ပြုတ်ချင်သူများအတွက် နည်းလမ်းကောင်းလေး တစ်ခုပါ။ လွယ်ကူပြီး အရသာ လည်းရှိတဲ့ ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

အာလူး  –  ၂ လုံး (အလုံးကြီး)

ကော်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ချဉ်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည် အကြည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည် အနောက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  အနည်းငယ်

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သွန်မြိတ်  –  အနည်းငယ်

နှမ်း  –  အနည်းငယ်

ကြက်သွန်ဖြူကြော်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၄ မြွှာ

နံနံပင်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       အာလူးကို အခွံနွှာပြီး အနေတော်အစိတ်များ လှီးဖြတ်ပါ။

၂။       အာလူးကို ကော်မှုန့်ကပ်ပြီး ဆီပူပူမှာ ကြွပ်ပြီး ကျက်တဲ့အထိ ကြော်ပါ။

၃။       ပြီးလျှင် ဆီစစ်ထားပါ။

၎။       ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်ချဉ်ကို ထည့်ပါ။

၅။       အရသာများထည့်ပြီး ရေကို လိုအပ်သလို ထည့်ပါ။

၆။       နှမ်း၊ ကြက်သွန်ဖြူကြော်၊ နုပ်နုပ်စဉ်းထားတဲ့ နံနံပင်နှင့် ကြက်သွန်မြိတ်တို့ကို ထည့်ပါ။

၇။       ကြော်ထားတဲ့ အာလူးထည့်ပြီး နှပ်ထားပါ။

၈။       အနံ့အရသာ ပြည့်စုံပြီဆိုလျှင် ကော်ရည်ထည့်၍ ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments