
21 - June - 2019
သက်သတ်လွတ် မုန်ညင်းစိမ်းနှင့် မှိုဟင်းလျာ
by အံ့ဝင့်ထွဋ် for Food Magazine
ဒီဟင်းလျာက သက်သတ်လွတ်စားချင်ကြတဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဟင်းလျာလေးပါ။ လွယ်လည်းလွယ်၊ အရသာလည်းရှိ၊ အာဟာရလည်းရှိတဲ့ ဟင်းလျာ လေးပါ။
ပါဝင်ပစ္စည်းများ
မုန်ညင်းစိမ်း – ၂ စည်း
ငွေနှင်းမှို – ၃၀ ဂရမ်
ကြက်သွန်ဖြူ – ၄ မြွှာ
နှမ်း – အနည်းငယ်
ကြက်သွန်ဖြူကြော် – အနည်းငယ်
ကြက်သွန်မြိတ် – အနည်းငယ်
ပဲငံပြာရည် အကြည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – အနည်းငယ်
ဆား – အနည်းငယ်
ငရုတ်ကောင်းမှုန့် – အနည်းငယ်
ဆီ – စားပွဲဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ငွေနှင်းမှိုနှင့် မုန်ညင်းစိမ်းကို ရေဆေးပြီး အနေတော်လှီးဖြတ်ထားပါ။
၂။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။
၃။ အနံ့မွှေးလာပြီဆိုလျှင် မှိုထည့်ပါ။ မှိုကျက်ပြီဆိုလျှင် မုန်ညင်းစိမ်းထည့်ပါ။
၎။ အရသာများ ထည့်ပါ။
၅။ အနံ့အရသာပြည့်စုံပြီဆိုလျှင် နှမ်း၊ ကြက်သွန်ဖြူကြော်နှင့် ကြက်သွန်မြိတ်တို့ကို ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။