သက်သတ်လွတ် ပဲပုပ်အာလူးအစပ်ကြော်

by Myint Oo Tha for Food Magazine

          မြန်မာသက်သတ်လွတ်ဟင်းချက်တော့မယ်ဆိုရင် ကျွန်တော်တို့တစ်တွေ စားနေကျဖြစ်တဲ့ ပဲပုပ်၊ အာလူးနှင့် မြေပဲတို့ကို သုံးပြီး အရသာရှိပြီး လွယ်ကူတဲ့ဟင်းတွေကို ဖန်တီးနိုင်ပါတယ်။ အဲဒီဟင်းဆိုရင် မြန်မာတွေအကြိုက် အနှစ်ပါတဲ့ဟင်းဖြစ်လို့ ထမင်းဆီဆမ်း၊ ဒါမှမဟုတ် ထမင်းကြော်နဲ့ အင်မတန်မှ လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပုပ် –  ၈၀ ဂရမ် (အမြှောင်သေးသေးလှီးထားပါ)

အာလူး  –   ၄၂၀ ဂရမ် (အခွံခွာပြီး ပါးပါးလှီးထားပါ)

မြေပဲ  –  ၁၆၀ ဂရမ်

ကြက်သွန်နီ  –  ၁၅၀ ဂရမ် (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၃၆ ဂရမ် (ပါးပါးလှီးထားပါ)

ငရုတ်သီးမှည့်အတောင့်ရှည်  –  ၇၅ ဂရမ် (ပါးပါးလှီးထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း+စားပွဲဇွန်း ၂  ဇွန်း+စားပွဲဇွန်း ၃ ဇွန်း+စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်နည်း

၁။       အနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို ရောပြီး ထောင်းပါ။ စက်ဖြင့် ကြိတ်လည်း ရပါတယ်။

၂။       ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလျှင် မြေပဲထည့်ပြီး ကြော်ပါ။ ပြီးလျှင် ဆယ်ယူထားပါ။

၃။       ဒယ်အိုးထဲ နောက်ထပ် ဆီ ၂ ဇွန်း ထပ်ထည့်ပါ။ ဆီပူလျှင် လှီးထားတဲ့ ပဲပုပ်ထည့်ပြီး ကြော်ပါ။ ပြီးလျှင် ဆယ်ယူထားပါ။

၎။       ပြီးလျှင် ဆီ ၃ ဇွန်း ထပ်ထည့်ပါ။ ဆီပူလျှင် လှီးထားတဲ့အာလူး နည်းနည်းချင်းထည့်ပြီး ကြော်ပါ။ ကြွပ်နေအောင် ကြော်စရာမလိုပါ။ ပြီးလျှင် ဆယ်ယူထားပါ။ ကျန်တဲ့ အာလူးများ ကုန်အောင် ဆက်၍ ကြော်ပါ။

၅။       ဒယ်အိုးထဲ ဆီ ၅ ဇွန်းထည့်ပါ။ ဆီပူလျှင် ထောင်းထားတဲ့အနှစ်ထည့်ပြီး ဆီသတ်ပါ။

၆။       ဆီပြန်လျှင် အာလူးထည့်၍ မွှေပါ။ အရသာအတွက် ဆား၊ သကြား ထည့်ပါ။

၇။       ပြီးလျှင် ကြော်ထားတဲ့ မြေပဲနဲ့ ပဲပုပ်ထည့်မွှေပြီးလျှင် အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments