သက်သတ်လွတ် ဆန်းဒဝစ်ခ်ျ

by Meemeetofu for Food Magazine

ပါဝင်ပစ္စည်းများ

ဘေဂယ်  –  ၁ ခု

မှို  –  ၃ ပွင့် (မမီးက Button Mushroom ကို သုံးထားပါတယ်)

ခရင်မ်ချိစ်  –  စားပွဲဇွန်း ၂  ဇွန်းခန့်

ထောပတ်  –  အနည်းငယ်

ချိစ်  –  ၁ ပြား (နှစ်သက်ရာ)

မိုက်ခရိုဂရင်း (Micro Green) (သို့)

နှစ်သက်ရာ အသီးအရွက်ပြုတ်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       မမီးက ဘေဂယ်နဲ့လုပ်စားပေမယ့် မည်သည့် ပေါင်မုန့်အမျိုးအစားကိုမဆို  အစားထိုး အသုံးပြုနိုင်ပါတယ်။ ပေါင်မုန့်ကို ကြွပ်နေအောင် Toast လုပ်ထားဖို့သာ အရေးကြီးပါတယ်။

၂။       မှိုကို အိုးကင်းပူတိုက်ပြီး နွမ်းလာအောင် လုပ်ထားပါ။

၃။       ခရင်မ်ချိစ်ကို အခန်းအပူချိန်မှာထားပါ။ ဒါမှသာ ဘေဂယ်ပေါ်  ဖြန့်ပေးရတာ လွယ်ပါတယ်။

၎။       ဘေဂယ် ၂ ချပ်ကို ထောပတ်သုတ်ပေးပြီး ကြွပ်လာသည်အထိ Toaster နဲ့ ကင်ပါ။

၅။       တစ်ချပ်စီရဲ့ အပေါ်မှာ ခရင်မ်ချိစ်သုတ်ပါ။

၆။       အိုးကင်းပူတိုက်ထားတဲ့ မှိုကို ညီညီညာညာဖြန့်ပြီး တင်ပါ။ ၄င်းအပေါ်မှာ ချိစ်တင်ပါ။ နှစ်သက်ရာ အရွက် တစ်မျိုးမျိုးတင်ပါ။ *** ရေများပြီး ကြွပ်တဲ့ ဆလတ်ရွက်နှင့် သခွားသီးတို့ကို မသုံးဘဲ အနည်းငယ် ပျဉ်းတွဲတဲ့အရွက်မျိုးကိုသုံးတာ ပိုလိုက်ဖက်ပါတယ်။ ရေနွေးဖျောပြီး ရေစစ်၊ ရေညှစ်ထားတဲ့ ဟင်းနုနယ်၊ ကိုက်လန်၊ ရွှေပဲညွန့်၊ ကန်စွန်းညွန့် စသည်တို့ကို ထည့်နိုင်ပါတယ်။ Micro Green (ဂေါ်ဖီစိမ်း၊ ကိုက်လန်၊ နိုကိုဥ၊ ဂေါ်ဖီ၊ Arugula အပင်ပေါက်) တစ်မျိုးမျိုး ထည့်နိုင်ပါတယ်။

၇။       အဆာထည့်ပြီးလျှင် ဘေဂယ် ၂ ချပ် ထပ်လိုက်ပါ။ အပြင်ဘက်က ကြွပ်ပြီး  အတွင်းဘက်က အီဆိမ့်တဲ့ အရသာ အလွန်ကောင်းတဲ့ သက်သတ်လွတ်ဆင်းဒဝစ်ခ်ျကို ပူပူနွေးနွေးလေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments