
19 - November - 2018
by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine
ပါဝင်ပစ္စည်း
ခရမ်းသီး – ၁ လုံး (အလုံးကြီး)
အနှစ်လုပ်ရန်
ကြက်သွန်ဖြူ – ၄ မြွှာ
ငရုတ်သီးအကျက်မှုန့် – စားပွဲဇွန်း ၂ ဇွန်း
မြေပဲဆံ – စားပွဲဇွန်း ၁ ဇွန်း
နှမ်း – စားပွဲဇွန်း ၁ ဇွန်း
ဆား – အနည်းငယ်
ဆီ – စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်မြိတ် – အနည်းငယ်
နံနံပင် – အနည်းငယ်
ပြုလုပ်နည်း
၁။ ဦးစွာ အနှစ်လုပ်ရန်အတွက် ကြက်သွန်ဖြူ၊ ငရုတ်သီးအကျက်မှုန့်၊ မြေပဲဆံ၊ နှမ်းနှင့် ဆားတို့ကို ငရုတ်သီး ဆားထောင်းပုံစံအတိုင်း ထောင်းပါ။
၂။ ပြီးလျှင် ဆီစိမ်ပြီး နှပ်ထားပါ။
၃။ ခရမ်းသီးကို အတွင်းထဲ နူးအိလာသည်အထိ ကင်ပေးပါ။ ပြီးလျှင် ထက်ခြမ်းလှီးပြီး ဖြန့်ပေးပါ။
၎။ အပေါ်မှ ငရုတ်သီးထောင်းအနှစ်ကို သုတ်ပေးပါ။ နံနံပင်နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးပြီး ဖြူးပါ။
၅။ အားလုံးစုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
* ခရမ်းသီးပူတဲ့အချိန်မှသာလျှင် ငရုတ်သီးထောင်းကို သုတ်ပေးပါ။ သို့မှသာ အနံ့မွှေးပြီး အရသာရှိမှာပါ။