သက်သတ်လွတ် ကန်စွန်းဥအစပ်အြွကပ်ကြော်

by အံ့ဝင့်ထွဋ်  (MRTV – 4) for Food Magazine

ဒီဟင်းလျာကတော့ အြွကပ်ကြော်ကြိုက်သူများအတွက် သင့်တော်တဲ့ဟင်းလျာလေးပါ။ သရေစာအနေနဲ့လည်း ကြော်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ကန်စွန်းဥ –  ၁၀ဝ ဂရမ်

Tempura Flour (အကြော်မှုန့်) –  ၁၀ဝ ဂရမ်

ငရုတ်သီးမှုန့် –  စားပွဲဇွန်း ၁ ဇွန်း

မဆလာ   –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား –  စားပွဲဇွန်း ၁/၂ ဇွန်း

နှမ်း –  စားပွဲဇွန်း ၁ ဇွန်း

တွဲဖက်စားရန် ဆော့စ်

ကြော်ရန် ဆီ

ပြုလုပ်နည်း

၁။       ကန်စွန်းဥကို အခွံနွှာ၍ ရေဆေးပြီး ကြော်ရန်အတွက် သင့်တော်တဲ့ အနေအထားဖြစ်တဲ့ အကွင်းလိုက် လှီးဖြတ်ပါ။

၂။       ဇလုံတစ်လုံးထဲမှာ မုန့်နှစ်ဖျော်ရန်အတွက် Tempura Flour ငရုတ်သီးမှုန့်၊ မဆလာ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ နှမ်းနှင့် ရေခဲရေတို့ကိုထည့်ပြီး မုန့်နှစ်အနေအထားရအောင် ဖျော်ပါ။

၃။       မုန့်နှစ်ရပြီဆိုလျှင် အကွင်းလိုက်လှီးဖြတ်ထားတဲ့ ကန်စွန်းဥများကို မုန့်နှစ်ကပ်၍ ဆီပူပူမှာ

ြွကပ်ပြီး ကျက်သည်အထိ ကြော်ပါ။ (အရမ်းဆီမပူရန် ဂရုစိုက် သတိထား ရပါမယ်။)

၎။ြွကပ်ပြီး ကျက်ပြီဆိုလျှင် ဆီစစ်၍ ပန်းကန်မှာပြင်ကာ  ကြိုက်နှစ်သက်ရာ ဆော့စ်နှင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

 

Facebook Comments