သက်သတ်လွတ်ရွှေဖရုံသီးဟင်းလျာ

by အံ့ဝင့်ထွဋ်  (MRTV – 4) for Food  Magazine

ဒီဟင်းလျာကတော့ အသီးအနှံကြိုက်နှစ်သက်သူများအတွက် ရိုးရှင်းပြီး အရသာ ရှိတဲ့ ဟင်းလျာဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ရွှေဖရုံသီး –  ၄၀ဝ ဂရမ်

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၇ မြွှာ

ငရုတ်အနှစ် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ဆား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

သက်သတ်လွတ်ဟင်းခတ်မှုန့် –  အနည်းငယ်

ပြုလုပ်နည်း

၁။       ရွှေဖရုံသီးကို အနေတော်အတုံးတုံးပြီး အခွံမနွှာဘဲ အတွင်းမှ အစေ့အဆန်များကို ဖယ်ထုတ်ပါ။

၂။       ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။

၃။       အနံ့မွှေးလာပြီဆိုလျှင် ငရုတ်အနှစ်ကို အနံ့မွှေးပြီး အရောင်လှလာသည်အထိ ဆီသတ်ပါ။

၎။       အနံ့မွှေးလာပြီဆိုလျှင် အရသာများနှင့် ရေ အနည်းငယ်ထည့်ပါ။

၅။       ဟင်းအနှစ်ရလာပြီဆိုလျှင် ရွှေဖရုံသီးထည့်ပြီး ရေထည့်ပါ။

၆။       ရွှေဖရုံသီးနူးအိလာပြီး ဆီပြန်ရေကျန် အနေအထားရပြီဆိုလျှင် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ်နှင့် နံနံပင်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments