သက်သတ်လွတ်ပုံလုံသီးအစပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပုံလုံသီး  –  ၃၀ဝ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ခရမ်းချဉ်သီး  –  ၁ လုံး

ငရုတ်သီးစိမ်း  –  ၄ တောင့်

နံနံပင်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပုံလုံသီးကို အနေတော်အတုံးများ တုံးထားပါ။

၂။       ကြက်သွန်ဖြူ/နီ ကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ခရမ်းချဉ်သီး (အတုံး)များ ထည့်ပါ။

၃။       ခရမ်းချဉ်သီး အနှစ်ရလာပြီဆိုလျှင် ငရုတ်သီးစိမ်း (ထက်ခြမ်းခြမ်း) နှင့် အရသာများ ထည့်ပါ။

၎။       ပုံလုံသီးကို ထည့်ပြီး ရေကို လိုသလို ထည့်ကာ နှပ်ထားပါ။

၅။       ပုံလုံသီးလည်း နူးပြီ၊ အနံ့၊ အရသာလည်း ပြည့်စုံပြီဆိုလျှင် နံနံပင်ဖြူးထည့်ပြီး ပန်းကန်မှာပြင်ကာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments