သက်သတ်လွတ်ပဲကြာဆံသုပ်

by အံ့ဝင့်ထွဋ်  (MRTV – 4) for Food Magazine

ဒီဟင်းလျာလေးက အရသာလည်း ရှိပြီး လွယ်ကူရိုးရှင်းတဲ့ သက်သတ်လွတ် ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ပဲကြာဆံ –  ၁၀ ဂရမ်

ြွကက်နားရွက်မှို –  ၃ ဂရမ်

ပဲလိပ် –  ၂ ဂရမ်

ကြက်သွန်နီ –  ၁ လုံး

ခရမ်းချဉ်သီး –  ၁ လုံး

ငရုတ်သီး (နီ၊ စိမ်း) –  ၆ တောင့်ခန့်

နံနံပင် –  အနည်းငယ်

ကြက်သွန်ဖြူဆီချက် –  စားပွဲဇွန်း ၃ ဇွန်း

မြေပဲဆံ –  စားပွဲဇွန်း ၂ ဇွန်း (ထောင်းပြီး)

နှမ်း –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူကြော် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  အနည်းငယ်

သက်သတ်လွတ်ဟင်းခတ်မှုန့် –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပြုလုပ်နည်း

၁။       ဦးစွာ ပဲကြာဆံ၊ြွကက်နားရွက်မှိုနှင့် ပဲလိပ်တို့ကို ရေစိမ်၍ ပျော့လာလျှင် ရေနွေးဖြောပြီး အအေးခံထားပါ။

၂။ြွကက်နားရွက်မှိုနှင့် ပဲလိပ်ကို အနေတော်လှီးဖြတ်ထားပါ။

၃။       ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်နှင့် ငရုတ်သီးတို့ကို ပါးပါးလှီးပါ။

၎။       ဇလုံတစ်လုံးထဲမှာ ရေနွေးဖြောပြီး အအေးခံထားတဲ့ ပဲကြာဆံနှင့် ပါဝင်ပစ္စည်းများ၊ အရသာများနှင့် ဆီချက်တို့ကို ရောထည့်ပြီး နယ်သုပ်ပါ။

၅။       အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments