ဝက်သားလက်ဖက်နှပ်

by အံ့၀◌င့်ထွဋ် (MRTV – 4) for Food Magazine

ဒီဟင်းလျာကတော့ လက်ဖက်အရသာနဲ့ ဝက်သားရဲ့ ဆိမ့်တဲ့အရသာတို့ကို ပေါင်းစပ် ဖန်တီးထားတဲ့  ဟင်းလျာဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းသလို အရသာလည်းရှိတဲ့ ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ဝက်သားလွှာ-  ၂၅၀ ဂရမ်

ကြက်သွန်နီ-  ၁ လုံး

ကြက်သွန်ဖြူ-  ၄ မြွှာ

ချင်း-  အနည်းငယ်

လက်ဖက်နှပ် (အဆိမ့်)-  စားပွဲဇွန်း ၃ ဇွန်း

ဆီ-  စားပွဲဇွန်း ၃ ဇွန်း

ဆား-  လိုအပ်သလို

သကြား-  လိုအပ်သလို

ငံပြာရည်-  လိုအပ်သလို

နနွင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်ကောင်းမှုန့်-  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ငရုတ်သီးစိမ်း-  ၅ တောင့်

ရှောက်ရွက်-  ၅ ရွက်

ကြက်သွန်မြိတ်-  အနည်းငယ်

သံပရာသီး

ပြုလုပ်နည်း

ကြက်သွန်မြိတ်နှင့် ရှောက်ရွက်ကို ပါးပါးလှီးပါ။ သံပရာရည်ညှစ်ဖို့အတွက် သံပရာသီးကို လှီးပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ ဝက်သားကို အနေတော်လှီးပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုလျှင် နနွင်းမှုန့်ထည့်ပါ။ နနွင်းမှုန့်နံ့ မွှေးလာပြီဆိုလျှင် ကြက်သွန်ဖြူ/နီ နှင့် ချင်းထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်နှင့် ငံပြာရည်

တို့ကို ထည့်ပါ။ လက်ဖက်ထည့်ပြီး ဆီသတ်ပါ။ အနှစ်ရရန်အတွက် ရေအနည်းငယ်ထည့်ပါ။ ဟင်းအနှစ်ရပြီဆိုလျှင် ဝက်သားထည့်ပါ။ ရေအနည်းငယ် ထပ်ထည့်ပါ။ ပါးပါးလှီးထားသော ငရုတ်သီးစိမ်း ထည့်ပါ။ သံပရာရည်ညှစ်ထည့်ပြီး ကြက်သွန်မြိတ်ထည့်ပါ။ ရှောက်ရွက်ထည့်ပါ။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu