ဝက်သားနဲ့ ဆီးသီးကြော်ချက်

FD-58

►    လိုအပ်သောပစ္စည်းများ
♦    ဝက်သားချောင်းအဆီမပါ  –    ၁ ချောင်း  (၁ ပေါင် အလေးချိန်) (Pork Tenderloin)
♦    ထောပတ်   –    စားပွဲဇွန်း ၂ ဇွန်း
♦    သံလွင်ဆီ  –   စားပွဲဇွန်း ၁ ဇွန်း
♦    ဆီးသီး   –   ၆ လုံး (အရွယ်တော်) (၁’ လက်မအထူ ဓားပြားလှီးထားပါ)
♦    ကြက်သွန်နီ   –    ၁ လုံး (အရွယ်တော် ပါးပါးလှီးထားပါ။)
♦    ဝိုင်နီ ရှလကာရည်   –    ၁/၃ ခွက်  (၈အောင်စ အရွယ်ခွက်) (Red Wine Vinegar)
♦    ဆားနဲ့ ငရုတ်ကောင်းမှုန့်   –   စိတ်ကြိုက်

►    ချက်ပြုတ်နည်း
၁။    ဝက်သားချောင်းကို ဆေးကြာပြီး ရေခြောက်အောင်သုတ်ပါ။
၂။    လက်မဝက် အထူအပြားလှီးပြီး Hammer တူနဲ့ ပြားအောင် ထောင်းပေးပါ။ (ကျော်ချက်တဲ့အခါ အကျက်မြန်ပြီး အသားရဲ့ အရသာလည်း ပိုကောင်းစေပါတယ်။)
၃။    ဝက်သားပြားအားလုံးရဲ့ မျက်နှာပြင် ၂ ဖက်စလုံးကို ဆားနဲ့ ငရုတ်ကောင်းမှုန့် စိတ်ကြိုက်ဖြူးပေးပါ။
၎။    ဒယ်ပြားမှာ သံလွင်ဆီ ၁ ဇွန်းနဲ့ ထောပတ် ၁ ဇွန်းနဲ့  တစ်ဝက်ကို အပူပေးပါ။
၅။    ဝက်သားပြားကို ၄ မိနစ်လောက် ကြော်ချက်ပြီး တစ်ဖက်လှန်ပြီး နောက်ထပ် ၄ မိနစ်လောက် ကြော်ချက်ပါ။
၆။    ဝက်သား မျက်နှာပြင်အားလုံး ပန်းရောင်မသန်းတော့ဘဲ အညိုဖျော့ဖျော့ရောင်လေး သန်းလာရင် ဒယ်ပြားက ထုတ်ပြီး သီးသန့်ဖယ်ထားပါ။
၇။    ကြက်သွန်နီကို ဒယ်ပြားထဲထည့်ပြီး ပျော့ပြောင်းလာတဲ့ထိ ကြော်ပါ။
၈။    လှီးထားတဲ့ ဆီးသီးချပ်တွေကို ထည့်ကြော်ပြီး သမအောင်မွှေပါ။
၉။    ဝိုင်နီရှာလကာရည်ကို လောင်းထည့်ပြီး ဆားနဲ့ ငရုတ်ကောင်းမှုန့် စိတ်ကြိုက်ထည့်ပါ။ သမအောင် မွှေပေးပါ။
၁ဝ။    ၂ မိနစ်အကြာ ချက်ပြီးရင် ကျန်သေးတဲ့ ထောပတ်ဇွန်းတဝက်ကို ထည့်ပြီး သမအောင် မွှေပါ။
၁၁။    ကျက်ပြီးသား ဝက်သားပြားတွေကို ဒယ်ပြားထဲ ပြန်ထည့်ပြီး သမအောင် ရောနှောပေးပါ။
၁၂။    အဆင်သင့်ချက်ပြီးသား ထမင်းဖြူ ပူပူနွေးနွေးနဲ့ ဝက်သားဆီးသီးကြော်ချက်ကို တွဲဖက်သုံးဆောင်နိုင်ပါပြီ။

www.facebook.com/Dexter Ng

Facebook Comments