ဝက်သားတညင်းသီးနှပ်

by Myint Oo Tha for Food Magazine

          ကျွန်တော်တို့ မြန်မာဟင်းတွေမှာ ဝက်သားကို အခြားသော ဟင်းသီးဟင်းရွက်တွေနဲ့ ရောပြီးချက်တဲ့ ဝက်သားဟင်းမျိုးစုံရှိပါတယ်။ ဝက်သားကို သရက်သီးခြောက်နဲ့ချက်တဲ့ အညာဟင်းလေးချက်ရှိသလို ကျောက်ဖရုံသီးနဲ့ရောပြီးချက်တဲ့ ]သြွပန်းဟင်း} လို့ ခေါ်တဲ့ အညာအလှူဟင်းလည်းရှိပါတယ်။ တညင်းသီးကြိုက်တဲ့သူတွေကတော့ ဝက်သားကို တညင်းသီးနဲ့ရောပြီး နှပ်ကြပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သားသုံးထပ်သား  – ၄၅၀ ဂရမ် (အနေတော်အရွယ်တုံးထားပါ)

တညင်းသီး  –  ၁၀ လုံး (ပြုတ်ပြီး အခွံနွှာထားပါ)

ပဲငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

သရက်သီးသနပ်  –  ၄-၅ ဖတ်

ရေ  –  ၇၀ဝ မီလီလီတာ

အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၃၀ ဂရမ် (၃ ဥ)

ချင်း  –  ၁၅ ဂရမ်

ငရုတ်သီးခြောက်  –  ၁၀ ဂရမ်

ပြုလုပ်နည်း

၁။       ဝက်သားကို ပဲငံပြာရည်၊ ဆား၊ သကြား၊ ကြက်သားမှုန့်တို့နှင့် နယ်ထားပါ။

၂။       ပြီးလျှင် ထောင်းထားတဲ့ ချင်း၊ ကြက်သွန်နှင့် ငရုတ်သီးကို ဆီသတ်ပါ။

၃။       အနံ့မွှေးလာသည်နှင့် ဝက်သားထည့်ပြီး ချက်ပါ။ သရက်သီးသနပ်ထည့်ပါ။

၎။       ပြီးလျှင် ရေထည့်၍ အဖုံးဖုံးပြီး ချက်ပါ။

၅။       ဝက်သားနူးခါနီးမှာ ပြုတ်ထားတဲ့ တညင်းသီးကို ထုပြီး ထည့်ပါ။

၆။       ဝက်သားနူးလျှင် အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments