ဝက်သားငါးပိချက်ထမင်း (Sambal Pork Rice Pork Rice)

ဝက်သားငါးပိချက်ထမင်း (Sambal Pork Rice Pork Rice)

တာရှည်ခံတဲ့ ဒီလိုဝက်သားဟင်းမျိုးကို အမြဲချက်စားဖြစ်သလို ဒီဝက်သားဟင်းကိုပဲ Sambal နဲ့ ရောမွှေပြီး ထမင်းပေါင်းလိုလည်း အမြဲလုပ်စားဖြစ်တယ်။ ထမင်းပေါင်းလို လုပ်စားမယ်ဆိုရင် . . . ။

►   ပါဝင်ပစ္စည်းများ

♦   ဝက်သားသုံးထပ်သား   –   ၃ဝ ကျပ်သား

♦   ကြက်သွန်ဖြူ   –   ၁ ဥ

♦   သစ်ကြံပိုးခေါက်   –   ၁/၂ ချောင်း

♦   နာနတ်ပွင့်   –   ၂ ပွင့်

♦   ငရုတ်ကောင်းစေ့အဖြူ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည်အကြည်   –   စားပွဲဇွန်း ၁ ၁/၂ ဇွန်း

♦   ပဲငံပြာရည်အနောက်   –   ၁ စားပွဲဇွန်း

♦   ဆား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   သကြား   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   အသားမှုန့်   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ရေ   –   ၁ လီတာ

►   ပြုလုပ်နည်း

၁။        ဝက်သားဟင်းချက်ဖို့အတွက် အရင်ဆုံးဝက်သားကို အနေတော်အရွယ်တုံးပါ။ ပြီးရင် အိုးတစ်လုံးမှာရေထည့် ပြီး ရေဆူသည်နှင့် ဝက်သားထည့်ပြီးပြုတ်ပါ။ ဝက်သား ကျက်အောင်ပြုတ်တာမဟုတ်ပါ။

၂။        ဝက်သားသန့်ရှင်းအောင် အညစ်အကြေးကင်းစင်ပြီး ဟင်းရည်ကောင်းကောင်းရဖို့အတွက်ပါ။ အိုးရဲ့အပေါ် မှာ အညစ်အကြေးအမြှုပ်များထလာရင် ဝက်သားကို ဆယ်ယူပြီးရေအေးနှင့်ဆေးပါ။

၃။        အိုးထဲမှ ရေများကိုသွန်ပစ်ပါ။ နောက်အိုးအသန့်တစ်လုံး ထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။

၎။        ရေဆူရင် ဝက်သားနှင့်ပါဝင်တဲ့ ပါဝင်ပစ္စည်းအားလုံး ကိုထည့်ပြီး ဆူအောင် တည်ထားပါ။ ဆူလာသည်နှင့် မီးအရှိန်လျော့ပြီး ဝက်သားနူးသည်အထိချက်ပါ။ ဝက်သားနဲ့အတူ ဟင်းရည်လည်းရှိနေရပါ့မယ်။

►   Sambal Pork ချက်ရန်လိုအပ်တာတွေကတော့

♦   ကြက်သွန်နီ   –   ၂ ဥ

♦   ကြက်သွန်ဖြူ   –   ၃ တက်

♦   ငရုတ်သီးမှုန့်   –   စားပွဲဇွန်း ၁ ၁/၂ ဇွန်း

♦   ငါးပိ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပုစွန်ခြောက်မှုန့်   –   စားပွဲဇွန်း ၁/၂ ဇွန်း

♦   ဆီ   –   စားပွဲဇွန်း ၁/၂ ဇွန်း

♦   ပြောင်းဖူးမှုန့်   –   စားပွဲဇွန်း ၁ ဇွန်း

♦   ထမင်း   –   ပန်းကန်လုံး ၃ လုံး

♦   ဂေါ်ရခါးညွှန့်   –   ၁ စီး (ရှည်ရှည်ဖြတ်ထားပါ)

►   Samble Pork ပြုလုပ်နည်း

၁။        Sambal ချက်ရန်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ငါးပိ၊ ပုစွန်ခြောက်မှုန့်တို့ကိုရောပြီး ထောင်းပါ။

၂။        ပြီးရင် ဆီသတ်ပါ။ အနံ့မွှေးလာသည်နှင့် ချက်ထားတဲ့ ဝက်သားဟင်းကို လောင်း ထည့်ပါ။

၃။        ဟင်းရည်များများလိုရင် ရေအနည်းငယ်ထည့်ပြီး ဆူအောင်တည်ထားပါ။

၎။        ဟင်းရည်ပျစ်စေရန် ပြောင်းဖူးမှုန့်ကို ရေအနည်းငယ်နှင့် ရောပြီးထည်ပါ။ ဒါဆိုရင် Sambal Pork က အဆင်သင့်ဖြစ်ပါပြီ။

၅။        ဂေါ်ရခါးညွှန့်ကို ရှည်ရှည်ဖြတ်ပြီး ပြုတ်ပါ။   ပြီးရင်ဆယ်ယူပြီးစားသုံးမည့်ပန်းကန် ၃ ချပ်တွင် ဖြန့်ခင်းပါ။

၆။        ပြီးရင် ထမင်းဖြူထည့်ပါ။ ပြီးရင် အဆင်သင့်ချက်ထားတဲ့ Sambal Pork ပူပူလေးကို ထမင်းပေါ်မှာလောင်းထည့်ပြီး သုံးဆောင်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments

Menu