ဝက်လက်ဖက် တညင်းသီးချက်နှင့် ပြောင်းဖူးနှင့် ပဲစိမ်းလုံး၊ ရွှေပဲသီးကြော်

ဝက်လက်ဖက် တညင်းသီးချက်နှင့် ပြောင်းဖူးနှင့် ပဲစိမ်းလုံး၊ ရွှေပဲသီးကြော်

(Pork Loin in Pickle Tea Leaves and Dejenko Beans with Stir-Fried Sweet Corn, Green Pea & Snow Pea)

          ဒီလမှာ ပရိသတ်များအတွက် ရွေးချယ်တင်ဆက်ပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ မြန်မာတွေ အထူးကြိုက်နှစ်သက်တဲ့  လက်ဖက်ရွက်နုလေးတွေကို ထောင်းပြီး ဝက်သား၊ တညင်းသီးတို့နဲ့ ပြင်ဆင်ထားတဲ့ ဟင်းလျာလေးပါပဲ။ တညင်းသီးက ကျန်းမာရေးနဲ့ သိပ်မညီညွတ်ပေမယ့် အခုလို မိုးရာသီမှာမှ လှိုင်လှိုင်ပေါ်တာမို့  အထူးလိုက်ဖက်တဲ့ လက်ဖက်နဲ့ တွဲပြီးပြင်ဆင်လိုက်တာပါ။ ကျန်းမာရေးကောင်းသူများအတွက် တစ်ခါတစ်ရံ ထူးထူးခြားခြားလေး သုံးဆောင်ရစေရန် ရည်ရွယ်တင်ဆက်ပေးလိုက်ပါတယ်ဗျ။ တွဲဖက်ပြင်ဆင်ပေးထားတဲ့ ပြောင်းဖူး၊ ပဲစိမ်းလုံးနဲ့ ရွှေပဲသီးကြော်လေးကလည်း ဝက်လက်ဖက်နဲ့  အလွန်လိုက်ဖက်လို့ မိုးအေးအေးနဲ့ စားပြီး စိတ်ကျေနပ်မှုရစေမှာပါ။ ကဲ . . . ထူးခြားတဲ့ ဝက်လက်ဖက် တညင်းသီးချက်လေး ပြင်ဆင်ကြည့်လိုက်ရအောင် . . . Ok

►   ပြောင်းဖူး၊ ပဲစိမ်းလုံးနှင့် ရွှေပဲသီးကြော်

ပြောင်းဖူး၊ ပဲစိမ်းလုံးနှင့် ရွှေပဲသီးကြော် ပါဝင်ပစ္စည်းများ

♦  ရွှေပဲလုံး  –  ၅ ကျပ်သားခန့်

♦  ကြက်သွန်ဖြူ  –  ၃ မြွှာ

♦  ချင်း  –  အနည်းငယ်

♦  ပဲဆီသန့်  –  ၁ ဇွန်း

♦  ပြောင်းဖူးပြုတ်  –  ၅ ကျပ်သားခန့်

♦  ပဲစိမ်းလုံး  –  ၅ ကျပ်သားခန့်

♦  ဆား  –   အနည်းငယ်

♦  ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ပြုလုပ်ပုံ

၁။      ရွှေပဲသီးကို အညှာခြွေသန့်စင်ပြီး ကြက်သွန်ဖြူနှင့် ချင်းကို နုပ်နုပ်စဉ်းထားပါ။

၂။      ဒယ်အိုးတွင် ပဲဆီသန့်ကို အပူပေးပြီး အသင့်လှီးထားသော ကြက်သွန်ဖြူနှင့် ချင်းကို ဆီသတ်ကာ အသင့်ပြုတ်၍ အစေ့ထုတ်ထားသော ပြောင်းဖူးစေ့ကို ရွှေပဲသီးနှင့်အတူ ထည့်ကြော်ပါ။

၃။      ရွှေပဲသီး အနည်းငယ်နူးလျှင် ပဲစိမ်းလုံးထည့်ကြော်ပြီး အရသာကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်း ငယ်နှင့် ထိန်းညှိ၍ တည်ခင်းပါ။

►   ဝက်လက်ဖက်တညင်းသီး

ဝက်လက်ဖက်တညင်းသီးချက် ပါဝင်ပစ္စည်းများ

♦  ဝက်လိုင်းသား  –  ၁ဝ ကျပ်သား

♦  ပုစွန်ခြောက်  –  ၅ ကျပ်သား

♦  ချင်း  –  အနည်းငယ်

♦  ကြက်သွန်ဖြူ  –   ၅ မြွှာ

♦  လက်ဖက်ရွက်နု  –  ၅ ကျပ်သား

♦  ငရုတ်သီးစိမ်း  –  ၁ဝ တောင့်

♦  သံပရာသီး  –   ၁ လုံး

♦  ဆား  –  အနည်းငယ်

♦  ပဲဆီသန့်  –  ၁ဝ ဇွန်း

♦  တညင်းဝက်   –  ၅ လုံး

ပြုလုပ်ပုံ

၁။      ပုစွန်ခြောက်၊ ချင်း၊ ကြက်သွန်ဖြူတို့ကို ကြေညက်အောင်ထောင်းပြီးမှ လက်ဖက်ရွက်နုနှင့် ငရုတ်သီးစိမ်း တို့ကို ထည့်ထောင်းပါ။

၂။      အသင့်ထောင်းထားသောလက်ဖက်ရွက်နုကို သံပရာရည်၊ ဆား၊ ပဲဆီသန့်တို့နှင့် အရသာသွင်းထားပါ။

၃။      အသင့်အရသာသွင်းထားသော လက်ဖက်ထောင်းနှင့် အသင့် ပါးပါးလွှာထားသော ဝက်လိုင်းသားကို အရသာသွင်းပါ။

၎။      ဒယ်အိုးတွင် ပဲဆီသန့်အနည်းငယ်ကို အပူပေး၍ သန့်စင်ထားသော တညင်းဝက်ကို ထည့်ကြော်ပါ။

၅။      တညင်းဝက်အနည်းငယ်ကျက်လျှင် အသင့်အရသာသွင်းထားသော ဝက်သားနှင့်လက်ဖက်ကို ထည့် ချက်ပါ။

၆။      အသင့်ချက်ထားသော ဝက်လက်ဖက်တညင်းသီးချက်ကို ငရုတ်သီးစိမ်းအနည်းငယ်၊ ပဲဆီသန့်တို့နှင့် အလှဆင်တည်ခင်းပါ။

www.facebook.com/Sunny Angelo

Facebook Comments