
16 - November - 2016
ဝက်နံရိုးနှင့် မျှစ်ချဉ်ဟင်းလျာ
ဝက်နံရိုးနှင့် မျှစ်ချဉ်ဟင်းလျာ
ဒီဟင်းလျာကတော့ ဝက်နံရိုးနှင့် မျှစ်ချဉ်ကို တစ်ရေကျန်ပုံစံမျိုးမဟုတ်ဘဲ ဆီပြန်ပုံစံမျိုး ပြင်ဆင်ထားတာပဲဖြစ်ပါတယ်။
► ပါဝင်ပစ္စည်းများ
♦ ဝက်နံရိုး – ၂၅ဝ ဂရမ်
♦ မျှစ်ချဉ် – ၁၅ဝ ဂရမ်
♦ ခရမ်းချဉ်သီး – ၂ လုံး
♦ ငရုတ်သီးစိမ်း – ၄ တောင့်
♦ ကြက်သွန်ဖြူ – ၆ တောင့်
♦ ကြက်သွန်နီ – ၃ လုံး
♦ စပါးလင် – ၂ ချောင်း
♦ ချင်း – ၅ဝ ဂရမ်
♦ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
♦ ငရုတ်နှစ် – စားပွဲဇွန်း တစ်ဇွန်းခွဲ
♦ သကြား – စားပွဲဇွန်း ၁ ဇွန်း
♦ ငံပြာရည် – စားပွဲဇွန်း ၂ ဇွန်း
♦ အသားမှုန့် – စားပွဲဇွန်း ၁/၂ ဇွန်း
♦ ဆီ – စားပွဲဇွန်း ၄ ဇွန်း
► ပြုလုပ်ပုံအဆင့်ဆင့်
၁။ ဝက်နံရိုးများကို အနေတော်အတုံးများ တုံးပြီး နနွင်းမှုန့်၊ သကြား၊ ငံပြာရည်၊ ဆီဖြင့်နယ်ပြီး နှပ် ထားပေးပါ။
၂။ မျှစ်ချဉ်ကို အနေတော်အရွယ်များ လှီးဖြတ်ပေးပါ။ ခရမ်းချဉ်သီးကို အတုံးငယ်များ တုံးပေးပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။
၃။ ကြက်သွန်ဖြူ၊ နီ၊ ချင်းကို ညက်အောင်ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေး လာပြီဆိုရင် ငရုတ်နှစ်ထည့်ပါ။
၎။ အနံ့များမွှေးလာပြီဆိုရင်တော့ စပါးလင်ကိုထုပြီး ထည့်ပေးပါ။ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်း ထည့်ပါ။ အနှစ် အိလာပြီဆိုရင်တော့ ဝက်နံရိုးများထည့်ပြီး ဆီသတ်ပါ။ မျှစ်ချဉ်ထည့်ပေးပါ။
၅။ အရသာအနေတော်ရလာပြီ၊ အနူးအအိလည်း အနေတော်ဖြစ်ပြီဆိုရင်တော့ ဝက်နံရိုးနံ့လည်း မွှေး၊ မျှစ်ချဉ်နံ့လည်းသင်းတဲ့ ဝက်သားနှင့် မျှစ်ချဉ်ဟင်းလျာရရှိပါပြီဗျာ။
♦ အံ့ဝင့်ထွဋ် (MRTV-4) ♦