လီမွန်ငါးကင်နဲ့ ငရုတ်ကောင်းထမင်း

kth_7

kth_8

kth_9

kth_10

လီမွန်ငါးကင်နဲ့ ငရုတ်ကောင်းထမင်း

            ဒီနည်းလေးကတော့ ထမင်းနဲ့ငါးကို အသီးအရွက်များနဲ့ အာဟာရမျှတစွာ သုံးဆောင်နိုင်အောင် ရည်ရွယ်ပါတယ်။ လွယ်လွယ်ကူကူ ချက်ပြုတ်ပြင်ဆင်နိုင်တာကြောင့် အချိန်တိုအတွင်းမှာပဲ သုံးဆောင်နိုင်မယ့် အချိန်ကုန်သက်သာမယ့်နည်းလေး ဖြစ်ပါတယ်။

►   ငါးကင်ရန်ပါဝင်ပစ္စည်းများ

♦   ငါးအသားလွှာ –   ၄ တုံး

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   သံလွင်ဆီ   –   အနည်းငယ်

            ငါးကို ဆား၊ ငရုတ်ကောင်းတို့နဲ့ အရသာသွင်းပြီး ဒယ်ပြားမှာ မီးနည်းနည်းဖြင့် လုပ်ပါ။

►   ငရုတ်ကောင်းထမင်းပြုလုပ်ရန်

♦   ထမင်းချက်ပြီး –   ပန်းကန်လုံး ၂ လုံး

♦   သံလွင်ဆီ   –   အနည်းငယ်

♦   ကြက်သွန်ဖြူစဉ်းပြီး   –   ၃ တက်

♦   ငရုတ်ကောင်းအမည်း   –   ၅ စေ့ (လတ်လတ်ဆတ်ဆတ်လှော်ထောင်းပြီး)

♦   ဆား   –   အနည်းငယ်

♦   နံနံပင်စဉ်းပြီး   –   ၂ ပင်

            ကြက်သွန်ဖြူကို သံလွင်ဆီနှင့်ဆီသတ်ပြီး မွှေးလာလျှင် မီးပိတ်လိုက်ပါ။ လှော်ထောင်းထားသော ငရုတ် ကောင်းများထည့်ပေးပြီး မွှေပေးပါ။ ထမင်းထည့်မွှေပေးပြီး ဆား၊ နံနံပင်များထည့်အပေါ်မှဖြူးပေးပါ။

►   လီမွန်ဆော့စ်လုပ်ရန်

♦   လီမွန်သီး   –   ၁ ခြမ်း (အရည်ညှစ်ထားပါ)

♦   လီမွန်သီးအခွံခြစ်ပြီး –   အနည်းငယ်

♦   ထောပတ် –   ထမင်းစားဇွန်း ၁ ဇွန်း

♦   ဂျုံမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ကြက်သွန်ဖြူစဉ်းပြီး – ၂ တက်

♦ ဆား   –   အနည်းငယ်

၁။        ကြက်သွန်ဖြူကို ထောပတ်နှင့် ဆီသတ်ပြီး ဂျုံမှုန့်များထည့်ပြီး စိမ်းနံ့ပျောက်သည်အထိ မွှေပေးပါ။

၂။        လီမွန်ရည်ထည့်မွှေပေးပြီး ခြစ်ထားတဲ့လီမွန်သီးခွံများ ထည့်ပါ။ ထောပတ်အနည်းငယ်ထည့်ပေးပြီး အရည်ပျော်လျှင် ဆားထည့်ပေးပါ။ လီမွန်ဆော့စ်ရည်ပူပူကို ပန်းကန်မှာ ပြင်ဆင်ထားသော ငါးကင်ပေါ်သို့ လောင်းချပြီး လီမွန်ငါးကင်နှင့် ငရုတ်ကောင်းထမင်းကို သုံးဆောင်နိုင်ပါပြီ။

            လီမွန်ဆော့စ်အပြင် မရောနိစ်နဲ့လည်း တွဲဖက်သုံးဆောင်နိုင်ပါတယ်။

www.facebook.com/MY FOODIES (mm)

Facebook Comments