
17 - July - 2019
လိုင်ချီးသီးနှင့် ဘလူးဘယ်ရီဆိုဒါ (Lychee and Blueberry Soda)
by Syi Lwin for Food Magazine
တစ်နေ့တာ အလုပ်လုပ်နေရလို့ ပင်ပန်းနွမ်းနယ်မှုဖြစ်နေရင် ချက်ချင်းဖျော် ချက်ချင်းသောက်ပြီးရင် လန်းဆန်းသွားစေပါလိမ့်မယ်။
ပါဝင်ပစ္စည်းများ (၁ ခွက်စာ)
လိုင်ချီးသီး – ၈ လုံး (အစေ့ထုတ်ပြီး အသင့်စားဘူး)
ဘလူးဘယ်ရီသီး – စားပွဲဇွန်း ၂ ဇွန်း
Soda – ၁ ဘူး
သံပရာသီး – ၁ ခြမ်း (လိုသလောက် အရည်ညှစ်ယူပါ)
ပူဒီနာ – ၁ ပင် (အရွက်များြွေခထားပါ)
သကာရည် – လက်ဖက်ရည်ဇွန်း ၁ – ၂ ဇွန်း (မထည့်လည်း ရပါတယ်)
ရေခဲတုံး – လိုသလောက်
ပြုလုပ်နည်း
၁။ ဖျော်ရန်မှာ သံပရာရည်၊ Soda, လိုင်ချီးသီး ၂ လုံး၊ ဘလူး ဘယ်ရီသီး၊ သကာရည်များကို ဖျော်ရည်စက်ထဲ ထည့်မွှေပါ။ သုံးဆောင်ရန်မှာ ဖန်ခွက်ထဲ ရေခဲ၊ လိုင်ချီးသီးနှင့် ဖျော်ထား သော အရည်များလောင်းထည့်ပြီး ပူဒီနာရွက်များ ထည့်၍ ခပ်ဖွဖွ မွှေပြီး ချက်ချင်းသောက်လျှင် ပိုကောင်းပါတယ်။
Facebook Comments