ရှောက်ရွက်သုပ် (သက်သတ်လွတ်)

by Myint Oo Tha for Food Magazine

ထိုင်းဟင်းတွေမှာ ထည့်ပြီး ချက်ရတဲ့ ရှောက်ဘီလူး (Kaffir Lime Leaves) ကို သုပ်လေ့ရှိပေမယ့် ရန်ကုန်မှာ အလွယ်တကူရတဲ့ ဈေးထဲက ရှောက်ရွက်နုနုလေးတွေနဲ့ပဲ သုပ်ထားပါတယ်။ ရှောက်ရွက်ကို အတို့အမြှုပ်အနေနဲ့ စားကြပေမယ့် အသုပ်ကိုတော့ စားဖူးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ ရှောက်ရွက်ကို တို့စရာအနေနဲ့ စားနေကြသူတွေ

ကတော့ ရှောက်ရွက်သုပ် ချဉ်ချဉ်စပ်စပ် မွှေးမွှေးလေးကို ကြိုက်မှာ သေချာပါတယ်။

ပါဝင်ပစ္စည်းများ

ရှောက်ရွက်-  ၂၀ ဂရမ် (ေြွခပြီးသား)(ပါးပါးလှီးထားပါ)

ခရမ်းချဉ်သီးမှည့်-  ၂ လုံး (၁၁၀ ဂရမ်) (ပါးပါးလှီးထားပါ)

ခရမ်းချဉ်သီးစိမ်း-  ၂ လုံး (၁၁၀ ဂရမ်) (ပါးပါးလှီးထားပါ)

ချယ်ရီခရမ်းချဉ်သီး-  ၆ လုံး (ထက်ခြမ်းခြမ်းထားပါ)

ငရုတ်သီးစိမ်း-  ၆ တောင့် (၁၂ ဂရမ်)

ကြက်သွန်ဖြူကြော်-  စားပွဲဇွန်း ၁ ဇွန်း (၁၀ ဂရမ်)

မြေပဲလှော်-  စားပွဲဇွန်း ၁ ဇွန်း (၁၅ ဂရမ်)

ပဲကြော် (နှစ်ပြန်ကြော်)-  စားပွဲဇွန်း ၃ ဇွန်း (၄၀ ဂရမ်)

သံပရာရည်-  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်-  စားပွဲဇွန်း ၁ ဇွန်း

ဆား-  အနည်းငယ်

ဆီ-  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ရှောက်ရွက်နုနုလေးတွေကို ရေဆေးပြီး ပါးပါးလှီးပါ။

၂။         ခရမ်းချဉ်သီးစိမ်းနှင့် ခရမ်းချဉ်သီးမှည့်ကို အစေ့ထုတ်ပြီး ပါးပါးလှီးပါ။

၃။        ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။

၄။        အသုပ်သုပ်မည့်ဇလုံထဲ ထည့်၍ ကြက်သွန်ဖြူကြော်၊ ပဲကြော်၊ မြေပဲလှော်၊ ဆီ၊ သံပရာရည်၊ ချယ်ရီခရမ်းချဉ်သီး၊ ဆားနှင့် ပဲငံပြာရည်အကြည်တို့ကို ထည့်ပြီး နယ်ပါ။

၅။        ချဉ်ချဉ်စပ်စပ်မွှေးနေတဲ့ ရှောက်ရွက်သုပ်လေး ရပါပြီ။

Facebook Comments

Menu