ရတနာရှစ်မျိုးဆန်ပြုတ် (Eight Treasures Porridge) 八宝粥 (bā băo zhōu)

by Sofia for Food Magazine

          တရုတ်လို ရတနာရှစ်မျိုး ဆန်ပြုတ်လို့ ခေါ်တဲ့ နှစ်သစ်ကူး အစားအစာ ဆန်ပြုတ်တစ်မျိုး ဖြစ်ပါတယ်။ နှစ်သစ်ကူးအခါမှာ လာဘ်လာဘပေါများ ကြွယ်ဝစေရန်အတွက် ရည်ရွယ်ပြီး အိမ်တိုင်းလိုလိုမှာ ချက်ပြီးစားလေ့ရှိပါတယ်။ ရတနာရှစ်မျိုးရယ်လို့ နာမည်ပေးထားတဲ့အတိုင်း ဆန်နဲ့ပဲအမျိုးပေါင်း ရှစ်မျိုးနှင့်အတူ နှစ်သက်ရာ သစ်သီးခြောက်တို့ဖြင့် ပေါင်းပြီးချက်ထားတဲ့ ဆန်ပြုတ်လေးဖြစ်ပါတယ်။ ချက်စားကြည့်ရအောင်နော်…။

ပါဝင်ပစ္စည်းများ

ဆန်  –  ၁/၂ ခွက် (ဆန်ချိန်ခွက် )

ဆန်ညို  –  ၁/၂ ခွက်

ကောက်ညှင်းဆန်  –  လက်တစ်ဆုပ်

တရုတ်ဘာလီစေ့ (လုကူမီ)  –  ၁/၂ ခွက်

ပဲစင်းငုံ  –  လက်တစ်ဆုပ်

မတ်ပဲ  –  လက်တစ်ဆုပ်

ပဲကြား  –  လက်တစ်ဆုပ်

ပဲပြင်းစေ့  –  လက်တစ်ဆုပ်

ကြာစေ့

တရုတ်ဆီးသီးခြောက်

သကြားခဲ (Rock Sugar)

ဆား  –  အနည်းငယ်

ဆော်ဒါ  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပဲအမျိုးမျိုးကို တစ်ညကြို၍ ရေဆေးပြီး ရေစိမ်ထားပါ။

၂။       ဆန် ၃ မျိုးကို ၂ နာရီခန့် ရေစိမ်ထားပါ။ ကြာစေ့နှင့် ဆီးသီးခြောက်ကိုလည်း ရေစိမ်ထားပါ။

၃။       အားလုံးအသင့်ဖြစ်ပါက အိုးတစ်အိုးထဲ ရောထည့်ပြီး ရေမြုပ်အောင် ထည့်တည်ပေးပါ။ ပေါင်းအိုး ဖြင့် အဖုံးအနည်းငယ်ဟပြီးလည်း တည်နိုင်ပါတယ်။ ရေခန်းသွားပါက ရေ အနည်းငယ်စီထည့်ပြီး မကြာခဏ မွှေပေးပါ။ ကောက်ညှင်းကြေသွားပါက အိုးကပ်တတ်ပါတယ်။

၎။       ပဲများနူးအိလာပါက ဆားနှင့် ဆော်ဒါ ထည့်ပေးပါ။

၅။       သကြားခဲထည့်ပြီး အပျစ်အကျဲကို မိမိနှစ်သက်သလို ပြုပြင်၍ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*        ပဲအမျိုးမျိုးမှာ မိမိနှစ်သက်ရာကို အသုံးပြုနိုင်ပါတယ်။

*        သကြားခဲမထည့်ဘဲ အငန်အဖြစ်လည်း တည်ခင်းနိုင်ပါတယ်။

Facebook Comments