ယိုးဒယားကြက်ပေါင်း Steamed Chicken (Thai Style)

by Sofia for Food Magazine

          ကြက်ပေါင်းကို အများအားဖြင့်  အဖြူထည်လေးတွေ  ပေါင်းစားကြတာများပါ တယ်။ ဒီကြက်ပေါင်းလေးကတော့ အရသာ၊ အနံ့ ထူးခြားပြီး ချဉ်ငန်စပ်ဆော့စ်နဲ့ တွဲဖက်စားတာမို့ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အပြောင်းအလဲလေး တည်ခင်းနိုင်ဖို့ လုပ်နည်း လေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၁.၂ ကီလို

ကြက်သွန်ဖြူ  –  ၅ မြွှာ

နံနံမြစ်  –  ၄ ပင်

ယိုးဒယားငံပြာရည်  –  စားပွဲဇွန်း ၄ ဇွန်း

ပဲငံပြာရည်အပျစ်  –  ၁ ဇွန်း

ခရုဆီ  –  ၂ ဇွန်း

ဆီ  –  ၁ ဇွန်း

ရေ  –  ၅၀ဝ မီလီလီတာ (လိုသလောက်)

တွဲဖက်ဆော့စ်ပြုလုပ်ရန်

ကြက်သွန်ဖြူ  –  ၁၀ မြွှာ

ငရုတ်သီးစိမ်း  –  ၁၀ တောင့်

နံနံပင်အရိုး  –  ၅ ပင်

ငံပြာရည်  –  စားပွဲဇွန်း ၃ ဇွန်း

သံပရာရည်  –  ၃ ဇွန်း

သကြား  –  ၁ ဇွန်း

 

ပြင်ဆင်ချက်ပြုတ်နည်း

၁။       ကြက်သားကို လိုသလိုလှီးဖြတ်ပြီး ရေဆေးသန့်စင်ကာ ရေစစ်ထားပါ။

၂။       ကြက်သားကို ပေါင်းမယ့်ဇလုံ သို့မဟုတ် အိုးထဲထည့်ပြီး ကြက်သွန်ဖြူကို ဓားပြား ရိုက်ထည့်ပါ။ နံနံမြစ်ကို ရေဆေးထည့်ပါ။

၃။       ငံပြာရည်၊ ခရုဆီနှင့် ပဲငံပြာရည်ထည့်ပြီး သမအောင်မွှေပေးပါ။ ဆီတစ်ဇွန်း ထည့်ပြီး မိနစ် ၃၀ ခန့် ရေခဲသေတ္တာထဲ ထည့်ပြီး နှပ်ထားပေးပါ။

၎။       ပေါင်းအိုးထဲ ရေထည့်ပြီး ကြက်သားနှပ်ထားသည်ကို အဖုံးအုပ်ပြီး တစ်ဆင့်ခံ ပေါင်း နိုင်သလို တိုက်ရိုက်ပေါင်းခြင်းဖြင့်လည်း ပေါင်းနိုင်ပါတယ်။

၅။       လိုအပ်သော အနေအထားမှာ အသားနူးအိပါက မီးဖိုမှချကာ တွဲဖက်ချဉ်ငန်စပ် ဆော့စ်ဖြင့် တည်ခင်းသုံးဆောင်နိုင်ပါပြီ။

၆။       တွဲဖက်ဆော့စ်ပြုလုပ်ရန် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံရိုးတို့ကို  နုပ်နုပ်စဉ်းပြီး သကြား၊ ငံပြာရည်၊ သံပရာရည်တို့ကိုထည့်ကာ သမအောင်မွှေပေးပြီး သုံးဆောင်နိုင်ပါပြီ။

**      ပေါင်းအိုးဖြင့် ထည့်ပေါင်းပါက ရေမြုပ်ရုံထည့်ပေးပြီး ကြက်သားနူးအိသည်အထိ ပေါင်းပါ။ ရေမခန်းသွားအောင် ဂရုပြုပါ။

**      တစ်ဆင့်ခံပေါင်းပါက ရေလျှော့ထည့်ပေးပြီး ပေါင်းပါ။ အချိန်ပိုကြာမြင့်မည်။

**      ရေခန်းအောင် မပေါင်းရ။ ရေချန်ပေါင်းပါ။

Facebook Comments