ယိုးဒယားငရုတ်ဆော့စ် (Home-made Sweet & Sour Sauce)

by Sofia for Food Magazine

          ငရုတ်ချဉ်လုပ်နည်း များစွာရှိတဲ့အထဲက ယိုးဒယားငရုတ်ချဉ်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ မိသားစုအတွက် မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွာ  ပြုလုပ်နိုင်သလို ဆိုင်သုံးများအနေနဲ့လည်း မိမိလိုသလို အရသာပြင်ဆင်အသုံးပြုနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ငရုတ်သီးအနီအပွအရှည်  –  ၃ တောင့်

ငရုတ်သီးအသေး (အစပ်)  –  ၃ တောင့်

ချင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၂ မြွှာ

သကြား  –  ၂၀ဝ ဂရမ်

ရေ  –  ၁၀ဝ မီလီလီတာ

ရှလကာရည်  –  ၁၅၀ မီလီလီတာ

ဆား /ငံပြာရည် –  စားပွဲဇွန်း ၂ ဇွန်း

ပြောင်းဖူးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ငရုတ်သီးအနီအပွအရှည် အသေး (အစပ်)၊ ချင်းနှင့် ကြက်သွန်ဖြူတို့ကို ရောပြီး ရှလကာရည်၊ ရေတို့ဖြင့် ရောကြိတ်ထားပါ။

၂။       အိုးတစ်အိုးထဲ သကြား၊ ဆား၊ (သို့) ငံပြာရည်ထည့်ပါ။ ကြိတ်ထားသည်ကို ထည့်ပြီး သမအောင်မွှေကာ သကြားပျော်သည်အထိ ကျိုပါ။

၃။       သကြားပျော်ပြီး ဆူပွက်ပါက ပြောင်းဖူးမှုန့်ကို ရေ ၁ ဇွန်းဖြင့် ရောမွှေပြီး လောင်းထည့်ကာ အဆက်မပြတ် မွှေပါ။

၎။       ဆူပွက်လာပါက မီးဖိုမှချ၍ အအေးခံကာ သန့်ရှင်းခြောက်သွေ့သော ပုလင်း၊ ဘူးထဲ ထည့်ပြီး ရေခဲသေတ္တာမှာ ထည့်ထားကာ လိုသလို အသုံးပြုနိုင်ပါပြီ။

*        ထိုင်းချီလီဆော့စ်မှာ အချိုကဲသဖြင့် မိမိနှစ်သက်သလို အချို၊ အချဉ်၊ အစပ်ကို လိုတိုးပိုလျှော့ ပြုလုပ်ပါ။

Facebook Comments