ယိုးဒယားငါးပေါင်းထုပ် (Steamed Fish in Banana Leave)

by Sofia for Food Magazine Myanmar

            ငါးပေါင်းနည်းအမျိုးမျိုးရှိတဲ့အထဲက ယိုးဒယားစတိုင် ငါးပေါင်းနည်းတစ်မျိုး ဖြစ်ပါတယ်။ အရသာတစ်မူထူးခြားပြီး အဆာပြေစာဖြစ်စေ၊ ဟင်းအဖြစ်ဖြစ်စေ တည်ခင်းနိုင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ငါး (ကကတစ်)  –  ၅၀ဝ ဂရမ်

ယိုးဒယားငံပြာရည်   –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်   –  ဇွန်းတစ်ဝက်

ယိုးဒယားဟင်းချက်အနှစ်  –  ၂ ဇွန်း

သံပရာသီး  –  တစ်ခြမ်း

အုန်းနို့အပျစ်  –  ၂ ဇွန်း

နံနံပင်  –  အနည်းငယ်

ထိုင်းပင်စိမ်း  –  လက်တစ်ဆုပ်

ကြက်သွန်မြိတ်  –  အလှဆင်ရန်

ငှက်ပျောဖက်

ပြင်ဆင်ပြုလုပ်ပုံ

၁။  မိမိနှစ်သက်ရာ ငါးအကောင်လိုက်ဖြစ်စေ၊ အသားလွှာပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကကတစ်ငါး အသားလွှာပြီးသားကို ပန်းကန်တစ်ချပ်မှာ ထည့်ပြီး ငံပြာရည်၊ ပဲငံပြာရည်၊ ဟင်းချက်အနှစ်၊ အုန်းနို့၊ နံနံပင်သေးသေးစိတ်နှင့် သံပရာရည်တို့ကို ထည့်ပြီး သမအောင် နယ်ထားပါ။

၂။  ငှက်ပျောဖက်ကို အပူပေး၍ ပျော့အောင်ပြုလုပ်ပြီး ယိုးဒယားပင်စိမ်းအနည်းငယ်ကို ဖက်ပေါ် ခင်းပါ။ ပြီးလျှင် ငါးကိုတင်ကာ သေချာစွာထုပ်ပြီး သွားကြားထိုးတံဖြင့် ထိုး၍ ပိတ်ပါ။

၃။  အားလုံးထုပ်ပြီးပါက ပေါင်းအိုးဖြင့် ရေတည်ထားပါ။ ရေဆူပွက်လျှင် ထုပ်ထားသည့် ငါးပေါင်းထုပ် များကိုတင်ပြီး မိနစ်၂၀ ခန့် ပေါင်းပါ။

၎။  အချိန်ပြည့်ပါက ငါးအသားကျက်မကျက် စစ်ဆေးကြည့်ပြီး ကြက်သွန်မြိတ် မျှင်မျှင်လှီးထား သည်ကို အပေါ်မှအလှဆင်ပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*  ဟင်းချက်အနှစ် အသင့်မရှိပါက ငရုတ်သီးအနီ၊ ကြက်သွန်ဖြူ၊  ကြက်သွန်နီ၊ စပါးလင်၊ ရှောက်ခါး ရွက်နှင့် နနွင်းတက် အနည်းငယ်ထည့်ပြီး ကြိတ်၍ ငါးနယ်သည့်အထဲ ထည့်နယ်ပြီး ပြုလုပ်နိုင် ပါတယ်။

*  ထုပ်ပြီးသား ငါးထုပ်လေးများကို မပေါင်းဘဲ အိုးတစ်အိုးထဲ ဆီအနည်းငယ်လူးပြီး အထုပ်လိုက် ကင်ပေးနိုင်သလို နှစ်သက်ရာ မီးဖို Oven ဖြင့်လည်း ကင်ပြီး သုံးဆောင်နိုင်ပါတယ်။

Facebook Comments