ယိုရှမ်း (油香)

by Sofia for Food Magaizne

          တရုတ်လိုတော့ ]ယိုရှမ်း}လို့ခေါ်တဲ့ ပန်းသေးရိုးရာဆီကြော်မုန့်လေး ဖြစ်ပါတယ်။အချို့လည်း စားဖူးကြမှာပါ။ ဒီနေ့အတွက် ဒီမုန့်နဲ့ပတ်သက်ပြီး အဘွားကို သတိရအောက်မေ့လို့ ပြန်လုပ်စားရင်း မုန့်လုပ်နည်းကို မျှဝေ လိုက်ပါတယ်။ ငယ်ငယ်ကတော့ အဘွားနဲ့အတူ ဒီလိုနေ့မျိုးမှာ တစ်နေကုန်ထိုင်လို့ အတူလုပ်ခဲ့ဖူးတဲ့ မုန့်လေးပါ။ ယပ်တောင်ပုံလေးတွေ လုပ်ရတာလည်း ပျော်စရာတစ်ခုဖြစ်ပါ တယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ဂျုံ  –  ၁ ကီလို

ဘေကင်ဆော်ဒါ  –  ၂ ဇွန်း (၁၀ မီလီလီတာ)

ဆီပူ  –  ၁၀ဝ ဂရမ်

သကြားရည် (သို့) ကြံသကာရည်  –  ၇၀ဝ မီလီလီတာ

(သကြား ၅၀ဝ ဂရမ်နှင့် ရေ ၂၅၀ ဂရမ် )ကျိုပါ

ကြက်ဥ           –  ၃ လုံး

စမုန်စပါးစေ့  –  စားပွဲဇွန်း ၂ ဇွန်း

ကြော်ရန်ဆီ  –  လိုသလောက်

ပြုလုပ်နည်း

၁။       ဇလုံအကြီးတစ်လုံးထဲ ဂျုံနှင့် ဘေကင်ဆော်ဒါ ထည့်ပြီး မွှေပါ။

၂။       အိုးတစ်အိုးဖြင့် ဆီကို အပူပေးပါ။

၃။       ဂျုံကို တွင်းပြုလုပ်ပြီး ဆီပူပူကို လောင်းထည့်ပါ။ ပြီးလျှင် ဇွန်းဖြင့် မွှေပါ။

၎။       ကြက်ဥ၊ စမုန်စပါးစေ့ ထည့်ပါ။ အဆင်သင့်ကျိုထားသော သကြားရည်ကို ဖြည်းဖြည်းချင်း ထည့်ပြီး နယ်ပါ။

၅။       ဂျုံသားနပ်လာပါက အဝတ်ရေစိုဖြင့် မိနစ် ၃၀ ခန့် အုပ်ထားပေးပါ။

၆။       ပြီးလျှင် ဂျုံကို တလိမ့်တုံးဖြင့် အပြားခတ်ပါ။

၇။       မိမိလိုသော ပုံစံလှီးဖြတ်ပြီး ဆီပူထဲ ရွှေဝါရောင်ရသည်အထိ ၂ မိနစ်ခွဲခန့် ထည့်ကြော်ပါ။

၈။       ရွှေဝါရောင်ရပါက ဆယ်ယူ၍ ဆီစစ်ပြီး အအေးခံကာ သုံးဆောင်နိုင်ပါပြီ။

**      ကြော်ပြီး နောက်ရက်များမှာ ပိုစားကောင်းပါတယ်။

**      ပုံပါအတိုင်း ယပ်တောင်လေးများဖော်ရန် ပြုလုပ်နည်းမှာ ၅ စင်တီမီတာ အထူရသည်အထိ ပြားပြီးလျှင် အနားများကို ညှိပြီး ၄ စင်တီမီတာ အကျယ်ရအောင် ခေါက်ပါ။

**      အရှည်လိုက်ရလျှင် ၄င်းခေါက်ထားသော အခေါက်တိုင်း ၄ စင်တီမီတာ အကျယ်စီ  ထပ်ဖြတ်ပါ။ ၄င်းဖြတ်ထားသော ၄ စင်တီမီတာကို အချောင်းလေးများကို ဆက်နေသောဘက်မှ တစ်ဝက်ကျော်လောက်အထိ ဖြတ်ပါ။ ပြီးလျှင် အစွန်းတစ်ဖက်ကို ကိုင်၍ အခြားအစွန်းတစ်ဖက်မှာ ဖိကပ်ပေးပြီး ထွက်လာသော ထောင့်စွန်းနှစ်ဖက်ကို ဆွဲကာ နားရွက်ပုံစံ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နားလည်အောင် ရေးပြရတာ နည်းနည်းခက်လို့ ပုံလေးကြည့်လုပ်နိုင်ပါတယ်။

Facebook Comments