မျှစ်ထမင်းသုပ်

by Myint Oo Tha for Food Magazine

          ထမင်းသုပ်ဆိုရင်တော့ နေရာဒေသအလိုက် ကွဲပြားကြတယ်။ ပြည်ထမင်းသုပ်၊ နတ်တလင်းထမင်းသုပ်ကတော့ နာမည်ကြီးပေါ့။ မျှစ်ထမင်းသုပ်ကတော့ လူသိနည်းပေမယ့် စားဖူးသူတိုင်း ကြိုက်နှစ်သက်ကြပါတယ်။

ပါဝင်ပစ္စည်းများ

ထမင်းဖြူ  –  ပန်းကန်လုံး ၃ လုံး

မျှစ်  –  ၂၀ဝ ဂရမ် (ပြုတ်ထားပါ)

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

မျှစ်ကြော်ရန် ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အနောက်  –  စားပွဲဇွန်း ၁ ဇွန်း

အသားမှုန့်  –  အနည်းငယ်

ပဲပင်ပေါက်  –  ၁၂၀ ဂရမ်

ဂေါ်ဖီ  –  ၁၂၀ ဂရမ် (ပါးပါးလှီးထားပါ)

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

နံနံပင်  –  ၆ ပင် (ပါးပါးလှီးထားပါ)

ပဲမှုန့်အကျက်  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၃ ဇွန်း

အချဉ်ရည်  –  စားပွဲဇွန်း ၃ ဇွန်း

ပုစွန်ခြောက်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း (ထောင်းထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဦးစွာ မျှစ်ကြော်ရန်အတွက် ဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။

၂။       ဆီပူလာလျှင် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ပြုတ်ထားတဲ့ မျှစ်ထည့်ပြီး မွှေပေးပါ။

၃။       ပြီးလျှင် ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ အသားမှုန့်ထည့်ပြီး ကြော်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။

၎။       ပန်းကန်ပြားအကြီးတစ်ချပ်ထဲ ထမင်းဖြူထည့်ပါ။ ပြီးလျှင် ကြော်ထားတဲ့ မျှစ်ကြော်ထည့်ပြီး နယ်ပါ။

၅။       အားလုံးနှံ့သွားသည်နှင့် ထမင်းလုံးလေးများဖြစ်အောင် လက်ဖြင့်ဆုပ်ပြီး လုံးထားပါ။ မျှစ်ထမင်းလုံး ၆ လုံး ရပါမယ်။

၆။       မျှစ်ထမင်းသုပ်စားမယ်ဆိုလျှင် တစ်ပွဲစာ ထမင်းလုံး ၂ လုံးကို ခြေထည့်၍ ပဲပင်ပေါက်၊ ဂေါ် ဖီ၊ အချဉ်ရည်၊ ငရုတ်သီးမှုန့်၊ ပုစွန်ခြောက်မှုန့်၊ နံနံပင်၊ ပဲမှုန့်၊ ကြက်သွန်ဖြူဆီချက်တို့ကို ထည့်ပြီး နယ်ပါ။

အချဉ်ရည်ချက်နည်းကတော့-

ထန်းလျက်  –  ၇၅ ဂရမ်

ထန်းလျက်ရည်ကျိုရန် ရေ  –  ၁၀ဝ မီလီလီတာ

မန်ကျည်းမှည့်  –  ၃၀ ဂရမ်

မန်ကျည်းမှည့်စိမ်ရန် ရေ  –  ၂၀ဝ မီလီလီတာ

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       အိုးအသေးတစ်အိုးထဲ ထန်းလျက်နဲ့ ရေထည့်ပြီး ကျိုထားပါ။ ပြီးလျှင် ဆန်ခါဖြင့် စစ်ထားပါ။

၂။       မန်ကျည်းမှည့်ကို ရေစိမ်ထားပါ။ ပျစ်လာလျှင် ဆန်ခါဖြင့် စစ်ထားပါ။

၃။       နောက်အိုးအသေးတစ်အိုးထဲ ထန်းလျက်ရည်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ ဆားထည့်ပြီး ပျစ်လာသည်အထိ ကျိုပါ။

၎။       လိုသလောက်သုံး၍ ကျန်ရှိတဲ့အချဉ်ရည်ကို ဖန်ပုလင်းထဲထည့်ပြီး သိမ်းထားနိုင်ပါတယ်။

Facebook Comments