မြန်မာစပါးလင်သုပ် (သက်သတ်လွတ်)

by မြင့်ဦးသာ for Food Magazine

စပါးလင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ ဟင်းချက်ရာမှာ သုံးသလို စပါးလင် ဖျော်ရည်လည်း လုပ်ပြီး သောက်နိုင်ပါတယ်။ စပါးလင်ကို သုပ်ပြီး စားမယ်ဆိုရင်လည်း မွှေးမွှေးလေးမို့ အနံ့ရတာနဲ့ စားချင်စရာပါ။ အဲဒါကြောင့် မြန်မာစပါးလင်သုပ် ချဉ်စပ်မွှေးကို သုပ်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

စပါးလင်-  ၅ ချောင်း (ပါးပါးလှီးထားပါ)

ခရမ်းချဉ်သီးမှည့်-  ၂ လုံး (၁၁၀ ဂရမ်) (ပါးပါးလှီးထားပါ)

ခရမ်းချဉ်သီးစိမ်း-  ၂ လုံး (၁၁၀ ဂရမ်) (ပါးပါးလှီးထားပါ)

ချယ်ရီခရမ်းချဉ်သီး-  ၆ လုံး (ထက်ခြမ်းခြမ်းထားပါ)

ငရုတ်သီးစိမ်း-  ၆ တောင့် (၁၂ ဂရမ်)

ပါးပါးလှီးထားပါ

ပူဒီနာ-  ၃ ပင် (အရွက်ေြွခထားပါ)

ကြက်သွန်နီဥသေး-  ၃ လုံး (၄၅ ဂရမ်) (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူကြော်-  စားပွဲဇွန်း ၁ ဇွန်း (၁၀ ဂရမ်)

မြေပဲကြော်-  စားပွဲဇွန်း ၁ ဇွန်း (၃၅ ဂရမ်)

ပဲငံပြာရည်-  ၁ ဇွန်း

သံပရာရည်-  စားပွဲဇွန်း ၂ ဇွန်း

ဆား-  အနည်းငယ်

ဆီ-  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        စပါးလင်အပေါ်ဘက် အကြမ်းဖတ်များကို ခွာပါ။ ပြီးလျှင် စပါးလင်ရဲ့ အောက်ခြေဘက် အဖြူရောင်နုနုအပိုင်းကို ပါးပါးလှီးပါ။

၂။         ခရမ်းချဉ်သီး (၂) မျိုးစလုံးကို ထက်ခြမ်းခြမ်း၍ အစေ့ထုတ်ပြီး ပါးပါးလှီးပါ။ ချယ်ရီ ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းပါ။

၃။        ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ပူဒီနာအရွက်ကို ေြွခထားပါ။ ကြက်သွန်နီကိုလည်း ပါးပါးလှီးထားပါ။

၄။        အသုပ်သုပ်မည့်ဇလုံထဲ လှီးထားတဲ့ စပါးလင်နဲ့ ဟင်းသီးဟင်းရွက်အားလုံးကို ထည့်ပါ။ ပြီးလျှင် ကြက်သွန်ဖြူကြော်နှင့် မြေပဲကြော်ထည့်ပါ။ သံပရာရည်၊ ပဲငံပြာရည်၊ ဆားနှင့် ဆီထည့်ပြီး နယ်ပါ။

၅။        မြန်မာစပါးလင်ချဉ်စပ်မွှေး အဆင်သင့်ဖြစ်ပါပြီ။

Facebook Comments

Menu