မွန်ကြက်သားဟင်း

by Myint Oo Tha for Food Magazine

          စပါးလင်နံ့သင်းပြီး ရှမ်းနံနံမွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ကြက်သားဟင်းတစ်ခွက်ပါ။ မွန်ဟင်းတွေရဲ့ ထုံးစံအတိုင်း မရန်းပြားပါ ထည့်ချက်ထားတဲ့အတွက် ဘယ်လောက်စားစား မအီသွားစေပါဘူး။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၅၀ဝ ဂရမ် (အနေတော်အရွယ်တုံးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သားမှုန့်  –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စပါးလင်  –  ၃ ချောင်း (ဓားပြားရိုက်ထားပါ)

မရန်းပြား  –  ၃ ပြား

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ရှမ်းနံနံ  –  ၁/၂ စည်း

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ရေ  –  ၆၀ဝ မီလီလီတာ

အနှစ်အတွက်ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂၅ ဂရမ်

ငရုတ်သီးစိမ်း  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       သန့်ရှင်းအောင်ဆေးကြောပြီး အနေတော်တုံးထားတဲ့ ကြက်သားကို ဆား၊ နနွင်းမှုန့်နှင့် ကြက်သားမှုန့်တို့ကို ထည့်ပြီး ရောနယ်ထားပါ။

၂။       အနှစ်အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ရောပြီး ထောင်းထားပါ။

၃။       ထောင်းထားတဲ့အနှစ်ကို ဆီသတ်ပြီး စပါးလင်ထည့်ပါ။

၎။       အနံ့မွှေးလာသည်နှင့် နယ်ထားတဲ့ ကြက်သားထည့်ပြီး အသားတင်းလာသည်အထိ မွှေပေးပါ။

၅။       ပြီးလျှင် ရေထည့်ပြီး ဆူအောင် တည်ထားပါ။

၆။       ဆူလာသည်နှင့် ငံပြာရည်၊ မရန်းပြားထည့်ပြီး အဖုံးဖုံးပြီး မီးလျှော့ကာ ကြက်သားနူးသည်အထိ ချက်ပါ။

၇။       ကြက်သားနူးလျှင် ရှမ်းနံနံခတ်ပါ။ ဆီပြန်ဟင်းမဟုတ်သည့်အတွက် အရည်စပ်စပ်လေး ဖြစ်နေရပါမယ်။

www.facebook.com/Myint Oo Tha

Facebook Comments