မွန်ဝက်သားချဉ်စပ်ဟင်း

by Myint Oo Tha for Food Magazine

          မွန်ဟင်းလို့ပြောတာနဲ့ မရန်းပြားနဲ့ချက်မှန်း တန်းပြီးသိကြမှာပါ။ လုံးဝဆီသုံးစရာ မလိုဘဲ ချက်နိုင်တဲ့ဟင်းလေးပါ။ ဝက်လက်၊ ဝက်ရိုး၊ ဝက်သုံးထပ်သားနဲ့ ချက်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဝက်ကုပ်သားကိုသုံးပြီး ချက်မှာပါ။ ချဉ်ချဉ်စပ်စပ်လေးမို့  အကြိုက်တွေ့မယ်လို့ ထင်ပါတယ်။

 

ပါဝင်ပစ္စည်းများ

ဝက်သားကုပ်သား  –  ၄၅၀  ဂရမ်

ကြက်သွန်ဖြူ  –  ၁၅  ဂရမ်

ချင်း  –  ၁၀  ဂရမ်

ရေ  –  ၁.၈  လီတာ

စပါးလင်  –  ၂ ချောင်း

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း + စားပွဲဇွန်း ၁ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း+ လက်ဖက်ရည်ဇွန်း တစ်ဝက်

ငရုတ်သီးစိမ်း  –  ၄၀  ဂရမ်

မရန်းပြား  –  ၃ ပြား

 

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သားပြုတ်ရန်အတွက် အိုးထဲကို ရေထည့်ပါ။ ဆူအောင် တည်ထားပါ။

၂။       ဆူသည်နှင့် သန့်ရှင်းအောင်ဆေးထားတဲ့ ဝက်သားထည့်ပါ။ ချင်းနဲ့ ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ထည့်ပါ။

၃။       ငံပြာရည် ၁ ဇွန်းနဲ့ အသားမှုန့် လက်ဖက်ရည်ဇွန်း ထည့်ပြီး ပြုတ်ပါ။

၎။       ငရုတ်သီးစိမ်းကို မညက်တညက်ထောင်းပြီး ထားပါ။

၅။       ဝက်သားနူးသည်နှင့် စပါးလင်ကို ဓားပြားရိုက်ထည့်ပါ။ မရန်းပြားကို ရေစိမ်ပြီး ထည့်ပါ။

၆။       ပြီးလျှင် ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့်ပါ။

၇။       ဒါဆိုလျှင် ချဉ်စပ်အရသာရှိတဲ့ မွန်ဟင်း အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments