မွန်ငါးပိသုပ်ဟင်းချို

by Myint Oo Tha for Food Magazine

          ရိုးရှင်းတဲ့ မွန်ရိုးရာဟင်းတစ်ခွက်ပါ။ ဟင်းရည်ကျဲကျဲလေးဆိုပေမယ့် အရသာကတော့ လေးလေးပင်ပင်ဖြစ်လို့ ထမင်းမြိန်စေပါတယ်။ ချက်နည်းမှာ ပုစွန်အခွံကို ပြုတ်ပြီးထောင်းကာ အရည်စစ်ယူထားလို့ ပုစွန်နံ့လေးမွှေးနေပါတယ်။ အနောက်တိုင်း အစားအစာမှာ ပုစွန်ဟင်းချို ချက်နည်းမှာ ပုစွန်ကိုပြုတ်ပြီး ဟင်းရည်ကောင်းကောင်းရအောင် ယူတဲ့နည်းနဲ့လည်း ဆင်တူပါတယ်။ မလေးရှား ပုစွန်ခေါက်ဆွဲ Prawn Mee ချက်နည်းမှာလည်း ဟင်းရည်အရသာရှိဖို့ အဲဒီနည်းကိုပဲ သုံးပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်ထုပ်  –  ၅၀ဝ ဂရမ် (အခွံနွှာထားပါ)

ငါးပိ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း (မီးကင်ထားပါ)

မရမ်းပြား  –  ၅ ပြား (ရေစိမ်ပြီး နုပ်နုပ်စဉ်းထားပါ)

ကြက်သွန်နီ  –  ၂ လုံး (ပါးပါးလှီးထားပါ)

ကြက်သွန်ဖြူ  –  ၅ မြွှာ (နုပ်နုပ်စဉ်းထားပါ)

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ရေ  –  700 ml

ပြုလုပ်ပုံအဆင့်ဆင့်

၁။       အိုးတစ်အိုးကို မီးဖိုပေါ်တင်ပါ။ ပြီးလျှင် ပုစွန်အခွံကို ထည့်ပြီး လှော်ပါ။

၂။       ပုစွန်ပန်းရောင်သန်းသည်နှင့် ရေထည့်ပြီး ပြုတ်ပါ။ ရေဆူလျှင် မီးအရှိန်လျှော့ပြီး တည်ထားပါ။

၃။       ၅ မိနစ်ခန့် ပြုတ်ပြီးသည်နှင့် ပုစွန်အခွံကို ဆယ်ယူကာ ဘူနညိနမ  ထဲထည့်ပြီး ကြိတ်ပါ။ ပြုတ်ရည်နည်းနည်းထည့်ပြီး ကြိတ်ပါ။

၎။       ပြီးလျှင် ဆန်ခါဖြင့် အရည်ကို စစ်ယူပြီး အိုးထဲပြန်ထည့်ပါ။ ကြိတ်ထားတဲ့ ပုစွန်အခွံများကို ထည့်စရာမလိုတော့ပါ။

၅။       ဟင်းရည်အိုးကို ဆူအောင်ပြန်တည်ပြီး ဆူသည်နှင့် မီးကင်ထားတဲ့ ငါးပိ၊ မရန်းပြား၊ ဆားအနည်းငယ် ထည့်ပြီး ဆက်တည်ထားပါ။

၆။       ပြီးလျှင် ပုစွန်ထည့်ပြီး ပုစွန်ကျက်လျှင် အဆင်သင့်ဖြစ်ပါပြီ။

၇။       ဒယ်အိုးအသေးတစ်လုံးကို မီးဖိုပေါ်တင်ပြီး ဆီထည့်ပါ။ ဆီပူသည် နှင့် နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်ဖြူထည့်ပြီး နီညိုရောင်သန်းသည် အထိ ကြော်ပါ။

၈။       စားသုံးမည်ဆိုပါက ကြက်သွန်နီနှင့် ကြက်သွန်ဖြူဆီချက်ထည့်ပြီး သုံးဆောင်ပါ။(ကြိုက်နှစ်သက်ပါက ငရုတ်သီးအလှော်မှုန့်ထည့်ပြီး စားနိုင်ပါတယ်။)

www.facebook.com/Myint Oo Tha

Facebook Comments