မုန်ညင်းပေါက်နှင့် ကောက်ရိုးမှိုခရုဆီကြော် (Green Baby Mustard with Straw Mushroom in Oyster Sauce)

by Chef Sunny for Food Magazine

ပါဝင်ပစ္စည်းများ

မုန်ညင်းပေါက် –  ၁၆၀ ဂရမ်

ကောက်ရိုးမှို –  ၈၀ ဂရမ်

ကြက်သွန်ဖြူ –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ချင်း စဉ်းကော –  ၅ ဂရမ်

ခရုဆီ –  ၂  ဇွန်း

ကြက်ပြုတ်ရည် –  ၅၀ မီလီလီတာ

နှမ်းဆီမွှေး –  အနည်းငယ်

ပြောင်းဖူးမှုန့် –  ၂ ဇွန်း

ငရုတ်သီးနီအမျှင် –  အနည်းငယ်

မြေပဲဆီသန့် –  ၃ ဇွန်း

ပြုလုပ်နည်း

၁။        မုန်ညင်းပေါက်ကို ၂ မိနစ်ခန့်ပေါင်း၍ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ ပြင်ဆင်ပြီး ပန်းကန်ထဲ ထည့်ထား ပါ။

၂။         ဒယ်အိုးမှာ မြေပဲဆီသန့်ကို အပူပေးပြီး ကြက်သွန်ဖြူနှင့် ချင်းကို် ဆီသတ်၍ ကောက်ရိုးမှိုနှင့် ရောကြော်ပါ။

၃။        ကောက်ရိုးမှိုအနည်းငယ်မွှေးလာလျှင် ခရုဆီထည့်ချက်ပြီး ကြက်ပြုတ်ရည် ဖြင့် ၂ မိနစ်ခန့် ထည့်ချက်ထားကာ ပြောင်းဖူးမှုန့်ကို ရေသန့်မှာ ဖျော်၍ထည့်ပြီး နှမ်းဆီမွှေးအနည်းငယ်

အုပ်ကာ အဆုံးသတ်ပါ။

၄။        ကောက်ရိုးမှိုကျက်လျှင် မုန်ညင်းပေါက်နှင့်အတူ ပန်းကန်မှာထည့်၍ ကော်ဆွဲထားသော ခရုဆီဆော့စ်ကို အပေါ်မှလောင်းပေးပြီး ငရုတ်သီးနီအမျှင် အနည်းငယ် အုပ်၍ တည်ခင်းပါ။

Facebook Comments