မုန့်လက်ဆောင်း (Mote Lat Saung/Cendol)

by Syi Lwin Foods Garden for Food Magazine

          မုန့်လက်ဆောင်းက ရာသီဥတုပူပြင်းတဲ့အချိန်တွေမှာ သင့်တော်တဲ့ အစားအစားဖြစ်ပါတယ်။ ထန်းလျက်နဲ့ပဲဖြစ်စေ၊ နို့စိမ်း၊ နို့ဆီ၊ အုန်းနို့နဲ့ပဲဖြစ်စေ မိမိကြိုက်နှစ်သက်ရာကို အဆင်ပြေသလို စားသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ (မုန့်လက်ဆောင်းဖတ်လုပ်နည်း)

ဆွမ်းမွှေးရွက်အရည်  –  ၆၂၅ – ၆၅၀ မီလီလီတာ

ဆန်မှုန့်  –  ၁၀ဝ ဂရမ်

ကော်မှုန့် (သို့) ပိန်းဥမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ထုံးကြက်တက်ရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား  –  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။       အိုးအကြီးထဲ ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး မီးအနေတော်ဖြင့် ရောကျိုပါ။ ဆက်တိုက်မွှေပါ။

၂။       တော်တော်လေးပျစ်လာလျှင် ဆန်ခါပေါက်များပါသော ဇွန်းခွက်ကြီးထဲ နည်းနည်းစီ လောင်းထည့်ပါ။ ပြီးလျှင် ရေခဲရေအေးအေးနှင့် ရေခဲတုံးများထည့်ထားသော ဇလုံအကြီးထဲ မုန့်နှစ်များ ညှစ်ချပါ။ ဒီအတိုင်း မုန့်နှစ်များကုန်သည်အထိ လုပ်ပါ။ မုန့်ဖတ်လေးများအသွင် ရေအေးထဲ ရောက်ပြီး ခဲသွားမှာပါ။

မုန့်လက်ဆောင်း

ထန်းလျက်ရည်  –  ၅၀ဝ မီလီလီတာ

ဆား  –  အနည်းငယ်

အုန်းသီးမှုန့်  –  ၁ လုံး (ခြစ်ထားပါ)

အုန်းနို့  –  ၂၀ဝ မီလီလီတာ

မုန့်လက်ဆောင်း ပြုလုပ်နည်း (Making Mote Lat Saung/Cendol)

၁။       အိုးထဲ အုန်းသီးဖတ်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအားလုံး ထည့်ပြီး မီးအနေတော်ဖြင့် ၅ မိနစ်ခန့် ကျိုပါ။ မီးဖိုပေါ်မှ ချပြီး အအေးခံထားပါ။

၂။       အအေးခံပြီး စားသုံးရန် ခွက်တစ်ခွက်ထဲ မုန့်လက်ဆောင်းဖတ် တစ်ဝက်ခန့် ထည့်ပြီး ကျိုထားသောအုန်းနို့ရည်ထည့်ပါ။ ပြီးလျှင် အုန်းသီးဖတ်များဖြူးပြီး ထည့်ပါ။ ပြီးလျှင် ရေခဲတုံးအနည်းငယ်ထည့်ပြီး မုန့်လက်ဆောင်းအေးအေးလေး သုံးဆောင်နိုင်ပါပြီ။

Facebook Comments