
28 - January - 2015
မုန်လာဥခြောက်
ကြက်သား၊ ဝက်သား စတဲ့ဟင်းအချိုချက်တွေမှာထည့်ချက်ရင် စားလို့ကောင်းလှတဲ့ မုန့်လာဥခြောက်လုပ်နည်းလေးပါ။
ဟင်းအရသာများအထဲကိုစိမ့်ဝင်နေပြီး ခပ်ထုတ် ထုတ်လေးနဲ့ အင်မတန်စားကောင်းပါတယ်။ တချို့ကလည်း ဟင်းမချက်ဘဲ
အသားနဲ့ မစိုမခြောက်လေး ကြော်စားတာကိုတွေ့ဖူးပါတယ်။ မုန်လာဥခြောက်လုပ်နည်းများ ဘာဆန်းလဲလို့ ပြောစရာရှိ
ပါတယ်။ ဒါပေမဲ့ မသိသေးတဲ့သူတွေအတွက် အသုံးဝင်နိုင်တာကြောင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့
မုန်လာဥများကို နေလှန်းပြီးမှ ခြောက်သွေ့စေတာပါ။ ဒါပေမဲ့ ကျွန်မတို့လို နေရောင်ရှိချိန်မှာ အိမ်မှာမနေရသူတွေ၊ နေလှန်းဖို့
နေရာအဆင်မပြေသူများအတွက် အာဗန်ကိုသုံးပြီး မုန်လာဥခြောက်လုပ်နည်းကို လုပ်ပြထားပါတယ်။
► ပါဝင်ပစ္စည်းများ
♦ မုန်လာဥ
♦ ဆား
► ပြုလုပ်နည်း
၁။ မုန်လာဥများကိုခပ်သေးသေးလှီးကာဆားနဲ့ နယ်ကာ ၁၅ မိနစ်ခန့်ထားပြီးရေဆေးပါ။
၂။ ရလာသောမုန်လာဥများကိုဘန်းသို့ ဆန်ခါထဲတွင်ထည့်ကာ လေသလပ်အောင်ထားပြီးပုံမှန်အခန်းမှာ ၂ ရက်ခန့်ထားပါ။
၃။ ထို့နောက် ၁၃ဝ ဒီဂရီအပူပေးထားသော အာဗန်မှာ ၁ နာရီခန့် ကင်ပေးပါ။ ထို့နောက် အပူချိန် ၁ဝဝ ဒီဂရီကိုလျော့ချကာ ၂ နာရီခန့်ဆက်ကင်ပါ။ ၄၅ မိနစ်တစ်ခါ အထက်အောင်လှန်ပေးပါ။
၎။ မုန်လာဥခြောက်များအဆင်သင့်ဖြစ်ပါပြီ။