မုန်လာဥနီသုပ်

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

မုန်လာဥနီ  –  အလုံးကြီး ၁ လုံး

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၃ ဇွန်း

နံနံပင်  –  အနည်းငယ်

မြေပဲဆံ (ထောင်းပြီး)  –  စားပွဲဇွန်း ၁ ဇွန်း

နှမ်း  –  စားပွဲဇွန်း ၁ ဇွန်း

ပုစွန်ခြောက် (ထောင်းပြီး)  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

၁။  မုန်လာဥနီကို အခွံနွှာပြီး ခြစ်ဖြင့် အမျှင် များခြစ်ထားပါ။ ကြက်သွန်နီနှင့် နံနံပင်ကို ပါးပါးလှီးပါ။

၂။  ဇလုံတစ်လုံးထဲ ခြစ်ပြီးသား မုန်လာဥနီ၊ ကြက်သွန်နီ၊ နံနံပင်နှင့် ပါဝင်ပစ္စည်းများ၊ အရသာများအားလုံးကိုထည့်ပြီး နယ်ပါ။

၃။  အရသာမှာ ချိုဆိမ့်အရသာရလာပြီဆို လျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင် ပါပြီ။

Facebook Comments