မုန်ညင်းပေါင်းနှင့် ငရုတ်သီးကြော်

by Htet Family’s Creation for Food Magazine

          မုန်ညင်းပေါင်းကတော့ ဒီရာသီမှာပေါ်တဲ့ အစားအစာတစ်ခုမို့ တင်ပြပေးလိုက်ရပါတယ်။ မုန်ညင်းပေါင်းနဲ့တွဲဖက်စားတဲ့ ငရုတ်သီးကြော်ကိုလည်း ပြသပေးချင်ပါတယ်။ ဒီငရုတ်သီးကြော်နည်းက မုန်ညင်းပေါင်းနဲ့မှ မဟုတ်ဘဲ ကြိုက်နှစ်သက်သလို တွဲဖက်စားသုံးနိုင်ပါတယ်။

မုန်ညင်းပေါင်းအတွက် ပါဝင်ပစ္စည်းများ

မုန်ညင်း  –  ၂ စည်း (၅၀ဝ ဂရမ်ခန့်)

ချင်း  –  လက်တစ်ဆစ်

ဆား  –  အချိုဇွန်း တစ်ဝက်

ဟင်းခတ်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၂ ဥ

ခရမ်းချဉ်သီး  –  အသေး ၂ လုံး

ဆန်မှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

ပဲပုပ်အမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ချင်း၊ ကြက်သွန်ဖြူတို့ကို ပါးပါးလှီးပြီး ခပ်သေးသေး အနေအထား (သို့) ထောင်းထားပါ။

၂။       မုန်ညင်းများ ဆေးကြောပြီး အနေတော် လှီးဖြတ်ထားပါ။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ။

၃။       ဇလုံထဲ ပါဝင်ပစ္စည်းများအားလုံးကို ရောထည့်ပြီး ဆန်မှုန့်ထည့်ကာ ရေနည်းနည်းဖြင့် နယ်ပြီး ပေါင်းအိုးထဲမှာ ၄၅ မိနစ် ပေါင်းပါ။ ထို့နောက် မုန်ညင်းပေါင်းရပါပြီ။

ငရုတ်သီးကြော်

          ငရုတ်သီးအစိမ်းမှုန့်ကို ပုစွန်ခြောက်နည်းနည်း၊ သကြားနည်းနည်း၊ ပဲငံပြာရည် နည်းနည်းဖြင့် ဆီပူမှာ ခဏကြော်ပြီးလျှင် တွဲစားစရာ ငရုတ်သီးကြော် ရပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments